အမေရိကမှာ အရက်ပေါင်ဒါမှုန့် ရပြီ

ကျွန်တော်တို့လူသားတွေဟာ အရက်ကို ပုံစံမျိုးစုံ နဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ခုံမင်နှစ်ခြိုက် လာခဲ့ကြပါတယ်။ ဒါပေမဲ့ အရည်ပုံစံ တစ်မျိုးတည်းနဲ့ ပါပဲ။ တီထွင်ပညာရှင် Mark Phillip ဆိုသူဟာ Palcohol လို့ခေါ်တဲ့ အရက်ပေါင်ဒါမှုန့်ကို တီထွင် လိုက်ပါတယ်။

Palcoholကို သင့်စိတ်ကြိုက် ယမကာ ဖြစ်လာဖို့ ၅အောင်စ ရှိတဲ့ ရေမှာ ရောလိုက်ရုံပါပဲ။ လောလောဆယ် Rum, vodka, cosmopolitan, mojito, margarita နဲ့ lemon drop ဆိုပြီးတော့ ပုံစံ ၆ မျိုးနဲ့လာပါတယ်။

ယမကာမရရှိနိုင်တဲ့(သို့)၀ယ်ရတာ ဈေးအရမ်းကြီးတဲ့အားကစားပွဲတွေ၊ဂီတပွဲတွေ၊ရုပ်ရှင်ရုံတွေ၊ လေယာဉ်ပေါ်၊ အပျော်စီးသင်္ဘောတွေ လိုနေရာမျိုးတွေမှာ Palcohol ကို အလွယ်တကူဝယ်ယူနိုင် မှာ ဖြစ်တဲ့အတွက် လူတော်တော်များများဟာ ရင်ခုန်စိတ်လှုပ်ရှားနေကြပါတယ်။

သီဟနိုင် | Trend Myanmar

မှတ်ချက်များ