ဆော်ဒီအမျိုးသမီး ကားမောင်းလို့ အဖမ်းခံရ

အမျိုးသမီးတွေကို ယာဉ်မောင်းခွင့် ပိတ်ပင်ထားတာ ကို ချိုးဖောက်မှုနဲ့ ဆော်ဒီ အမျိုးသမီးတဦးကို ဆော် ဒီ အာရေဗီယား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါ တယ်။

အဆိုပါ အမျိုးသမီးဟာ နိုင်ငံ အရှေ့ပိုင်း Qatif မြို့က အသက် ၂၃ နှစ် အရွယ် အမျိုးသမီး ဖြစ်တယ်လို့ ဒေသခံ မီဒီယာတွေက သတင်းထုတ်ပြန်ခဲ့ပြီး အဲဒီ အမျိုးသမီးကို ဖမ်းပြီး သိပ်မကြာခင်မှာပဲ အာမခံနဲ့ ပြန်လွှတ်ပေး လိုက်တယ်လို့ ဆိုပါတယ်။

သူမရဲ့ အမျိုးသားကိုလည်း ဒဏ်ငွေ ရိုက်လိုက်ပြီး သူ့ရဲ့ကားကိုလည်း ၇ ရက် တရားဝင် ထိန်းသိမ်းထား လိုက်ပါတယ်။

ဆော်ဒီ အာရေဗီးယားနိုင်ငံဟာ အမျိုးသမီးတွေ ယာဉ်မောင်းတာကနေ အပြစ်တခု ဖြစ်ပေါ်လာမှာ စိုးရိမ် တဲ့အတွက် အစ္စလာမ် ဘာသာရေးအရ အမျိုးသမီးယာဉ်မောင်းတာကို ပိတ်ပင်ထားတဲ့ ကမ္ဘာပေါ်က တခု တည်းသော နိုင်ငံဖြစ်ပါတယ်။

Radio Australia - Myanmar

မှတ်ချက်များ