အခေါက်ရွှေ အဖွင့်ဈေး ကျပ်တစ်သောင်းနီးပါးကျ၊ ဈေးဆက်ကျဖွယ် ရှိဟုဆို

ပြည်တွင်း အခေါက်ရွှေဈေးမှာ သင်္ကြန်ပြီး ပြန်အဖွင့် တွင် တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းနီးပါး ကျဆင်းသွားပြီး ဈေးဆက်လက် ကျဆင်းနိုင်ေ ကြာင်း တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦဇော်အောင်က The Voice သို့ ပြောကြားသည်။

“ပြည်တွင်း ရွှေဈေးက အခေါက် ရွှေတစ် ကျပ်သား ကို ၆၆၀၀၀၀ လောက်ထိ ထပ်ကျမယ်လို့ မှန်းတယ်။ ကမ္ဘာ့ဈေးကျနေလို့ ပြည်တွင်းရွှေဈေးက လိုက် ကျနေတာ ကမ္ဘာ့ရွှေဈေးကလည်း ခုတစ်လော နိုင်ငံတကာမှာ ဖြစ်နေတဲ့ နိုင်ငံရေး ပဋိပက္ခတွေလည်း သိပ်မရှိတော့လို့ ကျသွားတာပါ” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့ ပြည်တွင်းရွှေဈေးကွက် အပိတ်တွင် အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ၆၇၀,၄၅၀ ကျပ်ရှိကြောင်း၊ သင်္ကြန်အပြီး ရွှေဈေးကွက် ပြန်ဖွင့်သည့် ဧပြီ ၁၈ ရက်နေ့တွင် အပိတ်ဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၆၄,၅၀၀ ကျပ် ရှိပြီး ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၂၉၄ ဒေါ်လာအထိ ကျဆင်းသွားခြင်း ဖြစ်ကြောင်း ရွှေဘုံသာ အခေါက်ရွှေ လက်ကားဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

“အရောင်းအဝယ် ဈေးကွက်က သင်္ကြန်ပိတ်ရက် ရှည်သွားလို့ သိပ်ပီပီပြင်ပြင် မရှိသေးဘူး။ အင်္ဂါနေ့ ဈေးကွက် ပြန်အဖွင့်မှာ အရောင်းအဝယ်တွေ ပြန်လုပ်မှ ဈေးက ခန့်မှန်းလို့ ရမယ်။ ခုတော့ အကျဈေးနဲ့ပဲ ပိတ်ထားသေးတယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ဆိုသည်။

The Voice Weekly

မှတ်ချက်များ