အိမ်ထောင်ပြုပြီးတဲ့ နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ခင်ပွန်းကလည်း သူ့ရဲ့အလုပ်ပေါ်မှာ အရမ်းကြိုးစားတဲ့သူ ၊ သက်မွန်ကလည်း ကိုယ့်ရဲ့ အလုပ်ပေါ်မှာအရမ်းကိုကြိုးစား လုပ်ကိုင်တတ်တဲ့သူ ဆိုတော့ သူက သဘောကျတယ်လေ။ သက်မွန် ကာရိုက်တာ အစုံတော့ လုပ်ကြည့်ဖူးပါတယ်။
ဒါပေမဲ့ သက်မွန်ရိုက်ချင်တဲ့ ဇာတ်ရုပ်က အက်ရှင်ကားတွေ မရိုက်ဖူးသေးဘူး ဆိုတော့ ရိုက်ကြည့်ချင်တယ်။ အနုပညာသမား တော်တော်များများက အနုပညာအလုပ်ပေါ်မှာ လောဘရှိကြတာများတယ် ဆိုတော့ သက်မွန်အနေနဲ့ကရော လောဘဆိုတာက မှန်ကန်တဲ့ လောဘဖြစ်ရင်တော့ အကုန်အဆင်ပြေ ပါတယ်။
ကိုယ်ကလည်း လောဘရှိတဲ့သူထဲမှာ ပါပါတယ်။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို အကောင်းဆုံး ဖြစ်ချင်တယ်။ ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေ ကြည့်တဲ့အခါမှာလည်း သက်မွန်မြင့် သရုပ်ဆောင်တာကို သဘောကျတယ်ဆိုတာမျိုးပဲ ဖြစ်ချင်တယ်။ ကိုယ်က အနုပညာထဲမှာ တအားစိတ်နှစ်ထားတဲ့ အခါကျတော့ တစ်ခါတစ်လေ လူမှုရေးပိုင်းမှာ အားနည်းတာတွေရှိတယ်။
သင်္ကြန်ပြီးသွားတာနဲ့ မေမြို့မှာ ဗီဒီယိုကားရိုက်ဖို့ရှိပါမယ်။ အားပေးကြတဲ့ ပရိသတ်ကို ကျေးဇူးအများကြီး တင်ပါတယ်။ သက်မွန်အိမ်ထောင်ကျပြီးပြီ ဆိုပေမဲ့ ကိုယ့်ရဲ့အနုပညာအလုပ် ကိုကြိုးစားပြီးတော့ ဆက်လုပ်သွားမှာပါ။ ပရိသတ်က ဆက်ပြီးအရင်လိုပဲ အားပေးချစ်ခင်ပေးကြပါ။’ လို့ သူမက ပြောပါတယ်။
စန္ဒီ | Trend Myanmar
စန္ဒီ | Trend Myanmar

မှတ်ချက်များ