ပါဝင်ပစ္စည်းများ
ပုန်းရည်ကြီး – ၃ထုပ်
ကြက်သွန်နီ – ၃လုံး (ပါးပါးလှီပါ)
ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
ပုဇွန်ခြောက် – လက်တဆုပ်စာ
ငရုတ်သီးစိမ်း – ၄တောင့် (ထပ်ခြမ်းခြမ်းပေးပါ)
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
သုပ်နည်း
၁။ အရင်ဆုံး ဇောက်ပန်းကန် တစ်ခုထဲတွင် (ပုန်းရည်ကြီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပုဇွန်ခြောက်၊ ဆီ၊ ဆား) တို့ကို သအောင် ရောနုယ်လိုက်ပါ။
၂။ ပြီလျှင် ပုန်းရည်ကြီးသုပ်ကို ဇောက်ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပြီ အပေါ်မှ နံနံပင်များဖြင့် အလှဆင်လိုက်ပါ။
၃။ ပုန်းရည်ကြီးသုပ်ကို ဟင်းရံအဖြစ် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
Wutyee Food House

မှတ်ချက်များ