ပတ်သ်မြို့မှာတွေ့တဲ့ ပစ္စည်းတွေဟာ ပျောက်ဆုံးလေယာဉ်နဲ့ ဆက်စပ်မှာမဟုတ်ကြောင်း သြစီယူဆ

သြစတြေးလျနိုင်ငံ အနောက်ဘက်ခြမ်းက ပင်လယ် ပြင်ကနေမျောလာပြီး ကမ်းပေါ်ရောက်လာတဲ့ ပစ္စည်းတချို့ဟာ ပျောက်ဆုံးသွားတဲ့ မလေးရှားလေ ယာဉ်နဲ့ ဆက်စပ်မှုရှိမရှိ တာဝန်ရှိသူတွေက စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ ဒါပေမယ့် အဆိုပါ ပစ္စည်းတွေဟာ ပျောက်ဆုံးသွားတဲ့ မလေးရှားလေ ယာဉ်နဲ့ ဆက်စပ်မှာမဟုတ်ကြောင်း သြစတြေးလျ ခရီးသွား လုံခြုံရေးဌာနက ယုံကြည်နေကြပါတယ်။

အဆိုပါ ပစ္စည်းတွေဟာ ပတ်သ်မြို့ တောင်ဘက် ပိုင်းက ပင်လယ်ကမ်းခြေမှာ တွေ့ရှိခဲ့တာဖြစ်ပြီးတော့ တာဝန်ရှိသူတွေနဲ့ ရဲတွေက သိမ်းယူ ထားလိုက်ပါ တယ်။

အခုဆိုရင် သြစတြေးလျ ခရီးသွား လုံခြုံရေးဌာနက အဲဒီပစ္စည်းတွေဟာ ပျောက်ဆုံးသွားတဲ့ မလေးရှားလေယာဉ် MH370 နဲ့ ဆက်စပ်မှု ရှိမရှိ အဆိုပါပစ္စည်းတွေရဲ့ ဓါတ်ပုံတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
သြစတြေးလျအာဏာပိုင်တွေက အဲဒီပစ္စည်းတွေရဲ့ ဓါတ်ပုံတွေကို မလေးရှား နိုင်ငံ စုံစမ်း စစ်ဆေးရေးအဖွဲ့ကိုလည်း ပေးပို့ထားလိုက်ပြီလို့လည်း သိရပါတယ်။

Radio Australia

မှတ်ချက်များ