သင်္ဘောမှောက်မှုအတွက် အဖမ်းခံရသူ ၁၁ ဦး ရှိပြီ

သင်္ဘော ဝမ်းခေါင်းမှာ ပိတ်မိနေတဲ့ အလောင်းတွေကို ရှာဖွေနေတဲ့ ရေငုပ်သမားအချို့တောင်ကိုရီးယား အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့အပတ်က သင်္ဘောမှောက် မှုနဲ့ ပတ်သက်ပြီး နောက်ထပ် သင်္ဘောသား ၄ ယောက် ကို ဖမ်းဆီးလိုက်တဲ့အတွက် အခု စုစုပေါင်း အဖမ်းခံရ သူ ၁၁ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

ရုတ်တရက် ခပ်ကြမ်းကြမ်း ကွေ့လိုက်လို့ သင်္ဘောေ မှာက် သွားချိန်မှာ အမှုထမ်း အားလုံးဟာ ကုန်းပတ်ပေါ် ရောက်နေကြ တယ်လို့ အမှုလိုက် အရာရှိတွေက ပြောပါတယ်။

ကူးတို့သင်္ဘော ပိုင်ရှင်တွေနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီရုံးတွေကိုလည်း ရဲက စီးနင်း ရှာဖွေနေပါတယ်။

မြုပ်နေတဲ့ ကူးတို့သင်္ဘောရဲ့ ဝမ်းခေါင်းထဲမှာ ပိတ်မိနေတဲ့ အလောင်းတွေကို ရှာဖွေရေးတွေလည်း ဆက်လုပ်နေပါတယ်။

အခုအခါ လူပေါင်း ၁၅၀ကျော် သေဆုံးကြောင်း အတည်ပြုနိုင်ပြီး တစ်ရာကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ အများစုက ဆိုးလ် မြို့တော် အနီးက အထက်တန်း ကျောင်းသားတွေ ဖြစ်ပါတယ်။

BBC

မှတ်ချက်များ