ဒီနှစ်သင်္ကြန်မှာ သီချင်းဆိုမှာဖြစ်ပေမယ့် အဆိုတော်မလုပ်ပါဘူးလို့ ဖွင့်ဟသွားတဲ့ သရုပ်ဆောင် ဖူးပွင့်သခင်

အကယ်ဒမီဗန်းကိုင်ကနေ တစ်ဆင့် အနုပညာလမ်းကြောင်းပေါ်မှာ တစ်စတစ်စနဲ့ တစ်ဖြေးဖြေးချင်း အောင်မြင်မှုလမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာတော့မှာဖြစ်တဲ့ သရုပ်ဆောင် ဖူးပွင့်သခင်ကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ သင်္ကြန် ဘယ်လိုဖြတ် သန်းဖြစ် မလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ အခုလတ်တလောမှာတော့ ညီမ ဗီဒီယိုဇာတ်ကားတွေပဲ ဆက်တိုက်ရိုက်ဖြစ်နေပါတယ်။

ဒီနှစ် သင်္ကြန်မှာ ပထမဆုံးအနေနဲ့ သီချင်းဆိုရမှာပါ။ ညီမ ဒီနှစ်သင်္ကြန် မှာ သီချင်းဆိုခိုင်းဖို့ ကမ်း လှမ်းလာကြတဲ့ မဏ္ဍပ်တွေရှိသလို၊ မဏ္ဍပ်ထိုင်ဖို့ ကမ်းလှမ်းလာကြတဲ့ သူတွေလည်းရှိပါတယ်။ မနှစ်က သင်္ကြန်တုန်းက သင်္ကြန်မတိုင်ခင်ရက်အထိ ကိုလူမင်းတို့နဲ့ ဗီဒီယို ဇာတ်ကားရိုက် နေရလို့ မဏ္ဍပ်မထိုင်ဖြစ်လိုက်ဘူး။

ဒီနှစ်သင်္ကြန်မှာ သီချင်းဆိုဖို့အတွက် စီစဉ်နေပြီ။ ညီမ သီချင်းတစ်ခါမှ မဆိုဘူးပါဘူး။ အခုစပြီးတော့ အသံသွင်းနေပါပြီ။ သီချင်းပိုင်းနဲ့ ပတ်သက်ပြီး အကြီးအကျယ်ကြီး စီစဉ်ဖို့မရှိသေးပါဘူး။ တစ်ကိုယ်တော်အခွေဆိုပြီး လုပ်မယ့်အစီအစဉ်လ ည်းမရှိပါဘူး။ ညီမက သရုပ်ဆောင်ဘက်ကိုပဲ ဇောက်ချပြီးလုပ်သွားမှာဖြစ်တဲ့အတွက် သီချင်းဘက်ကို လှည့်ဖြစ်မယ် မထင်ပါဘူးလို့ ဆိုပါတယ်။


စန္ဒီ | Trend Myanmar

မှတ်ချက်များ