ကြက်မောက်သီးဟာ ချိုတဲ့ အရသာရှိလို့ လူတိုင်းနီးပါး ကြိုက်မယ်လို့ထင်ပါတယ်။ ၎င်းအသီး ဟာ ဆေးဖက်ဝင် အသီးတစ်ခုလို့ဆိုရလောက်အောင် ကျန်းမာရေး အတွက် အတော်လေးအထောက်အကူ ပြုပါတယ်။
ကြက်မောက်သီးဟာ ကိုလက်စရောဓာတ်များကို လျော့ကျပေးနိုင်တဲ့အပြင် ကင်ဆာဆန့်ကျင်ဂုဏ်သတ္တိ များစွာပါရှိ ပါတယ်။ ဒါ့အပြင်ရောင်ရမ်းမှု လျော့ကျစေပြီး ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့တခြား နာမကျန်း ရောဂါများအတွက် အထူးပင် ကောင်းမွန်ပါတယ်။
ဒါ့အပြင် အသားအရည် အတွက် ကောင်းမွန်စေတဲ့ ဆေးစွမ်းတစ်လက်ဖြစ်ပါတယ်။ အာဟာရ ဓာတ်များကို ပေးစွမ်းပြီးမောပန်းနေချိန်မှာ စားသင့်တဲ့ အသီးတစ်မျိုးဆိုလည်း မမှားပါဘူး။ ဒါကြောင့်ကြက်မောက်သီးဟာ
ဆေးဖက်ဝင် အစားအစာ တစ်ခုဖြစ်လို့ မှီဝဲပေးသင့်ပါကြောင်းတိုက်တွန်းပါရစေ။
ကျော်လင်းနိုင် | ကျန်းမာရေးနှင့် အလှအပ သတင်းများ

မှတ်ချက်များ