( ယခုဆောင်းပါးကိုရေးသားသူ Chris Goodfellow သည် ကနေဒါမှလေယာဉ်မောင်းသက် နှစ် ၂၀ ရှိပြီး လေယာဉ်မျိုးစုံကို ကရိယာဒိုင်ခွက်များ သာ သုံးပီး ဖြင့်ပျံသန်းနိုင်သောထိပ် တန်း လေယာဉ်မှုး ကြီးဖြစ်ပြီး သူ့အယူအဆကို Google+ တွင်ရှေးဦး စွာ တင်ထားခဲ့ပါသည်။)
မလေးရှားလေကြောင်းလိုင်းခရီးစဉ် MH-370 နှင့် ပါတ်သက်ပြီး ခန့်မှန်းချက်အယူအဆများ အမြောက်အ များပေါ် ထွက်ခဲ့ပါသည်။ အကြမ်းဖက်မှု၊ပြန်ပေးစွဲခြင်းများအပါအဝင်ဖြစ်ပါသည်။ ကျွန်တော့်အနေဖြင့် CNN မှဝေဖန်သုံးသပ်မှုများကို မယုံသလို စိတ်အနှောက်အယှက်ဖြစ်စရာလို့မြင်ပါသည်။ ကျွန်တော်ကတော့ ရိုးရှင်းတဲ့ အဖြေကိုပဲ ရှာချင်ပါသည်။ ပေအရှည် ၁၃ ၀၀၀ ရှိတဲ့ ပါလို လန်ကာဝီလေယာဉ်ကွင်းနဲ့တွဲ အဖြေရှာပါမည်။
ကျွန်တော်တို့ အားလုံး ဘိုးရင်း ၇၇၇ ခရီးစဉ် MH-370 ညသန်းခေါင်ယံအချိန်မှာ ကွာလာလမ်ပူ မှ ဘေကျင်းကို ထွက်ခွာပျံသန်းခဲ့ကြောင်းသိကြပြီးသားပါ။ ပူအိုက်တဲ့ည၊ လေယာဉ်ကြီးတစ်စင်း။ တစ်နာရီလောက်လောက်အကြာမှာ ဗီယက်နမ်ကို ဦးတည်ဖို့ ထိုင်းပင်လယ်ကွေ့ အပေါ်မှာ အဆက်
အသွယ်ပြတ်သွားတယ်။ ဆိုလိုတာက လေယာဉ်ရဲ့ အချက်အလက်တွေကိုထုတ်လွှင့် ဖမ်းယူပေးနေတဲ့ ထရန်စပွန်ဒါ နဲ့ အရံရေဒါခြေရာခံစံနစ်ပျောက်သွားတယ်။ နောက် နှစ်ရက်အကြာမှာ မလေးရှားစစ် တပ်ရေဒါ ပုံရိပ်ကလေယာဉ် အနောက်တောင်ယွန်းယွန်းလမ်းကြောင်းအတိုင်းပြန်လာပြီး မလေးရှားကျွန်း ဆွယ် ကို ဖြတ်ကာ မလက်ကာ ရေလက်ကြားကို ဥိးတည်တယ်လို့ သတင်းတွေပေါ်လာပါတယ်။
ဒီနေရာမှာ ဘယ်ဖက်ကိုချိးတာက အဓိကအချက်ပါ။ လေယာဉ်မှုးကြီးဇာဟာရီအာမက်ရှားဟာ ပျံသန်းချိန် နာရီပေါင်း ၁၈ ၀၀၀ ကျော်ရထားတဲ့အလွန်အတွေ့အကြုံရင့်တဲ့ အကြီးတန်းလေယာဉ်မှုးကြီးပါ။ ကျွန်တော်တို့လိုလေယာဉ်မှုးအိုကြီးတွေအဖို့ လေယာဉ်ခရီးစဉ်တလျှောက် အနီးဆုံးဘယ်
လေဆိပ်ဟာ ဆင်းသက်ဖို့ ဘေးအကင်းဆုံးလဲဆိုတာ သိဖို့ ကျ င့်သားရပြီးသားပါ။ ကျွန်တော်တို့ ပျံသန်းနေစဉ် နောက်ဘက်မှာ ဘယ်လေဆိပ်၊ဘေးဘက်တွေမှာဘယ်လေဆိပ်၊ ရှေ့မှာ ဘယ်လေဆိပ်..အဲတာတွေအားလုံးဟာခေါင်းထဲမှာ အလွတ်ရှိပြီးသားပါ။ အမြဲတန်းလည်းရှိပါတယ်။ တခုခု
ဖြစ်ခဲ့မှ ဘာလုပ်ရမလဲဆိုတာခေါင်းထဲ တွေးနေရမယ့်အစားဘာ လုပ်ရမလဲဆိုတာခေါင်း ထဲ ရောက်ပြီးသား ပါ။ ဘယ်ဖက်ကိုတိုက်ရိုက်ဦးတည်ချိုးတယ်ဆိုတာ ဖတ်လိုက်ရကတည်းက သူလေဆိပ်ကို ရှာတယ်ဆိုတာကို ကျွန်တော်ချက်ခြင်းသိလိုက်ပါတယ်။ ပြေးလမ်းအရှည်ပေ ၁၃ ၀၀၀ ရှိပြီး ရေပြင်ကနေ
ချဉ်းကပ်ဆင်းသက်ရတဲ့ အတားအဆီးကင်းတဲ့ ပါလို လန်ကာဝီလေဆိပ်ကိုဆင်းဖို့တိုက်ရိုက် လမ်းကြောင်း ရွေးချယ် တာပါ။ လေယာဉ်မှုးဟာ ဘာလို့ကွာလာလမ်ပူကို ပြန်မလှည့်သလဲဆိုရင် ကြားမှာ ပေ ၈ ၀၀၀ရှိတဲ့ ကုန်းတန်းကို ဖြတ်ရဦးမယ်ဆိုတာသိလို့ပါ။ လန်ကာဝီဟာ လတ်တလောနေရာနဲ့ပိုနီးပြီးမြေပြင်အနေအထားဟာလည်းပိုပြီး အကျွမ်းဝင်လွယ်လို့ပါ။
လေယာဉ်မှုးဟာ မှန်ကန်တဲ့လုပ်ရပ်ကို လုပ်ဆောင်သွားပါတယ်။ လေယာဉ်ပေါ်မှာ အဖြစ်အပျက်ကြီးကြီး မားမား တစ်ခုက်ု ရင်ဆိုင်ကြုံတွေ့ခဲ့အပြီးမှာ အနီးစပ်ဆုံးနဲ့ဘေးအကင်းဆုံးလေဆိပ် ကိုချက်ခြင်းဆင်းသက် ဖို့ လှည့် လာခဲ့ပါတယ်။
ကျွန်တော်ဒီသတင်းကို ကြားကြားချင်း ဂူဂဲလ် အာ့သ် ကိုဖွင့်ပြီး အနောက်တောင်ဖက်ကို ဦးတည်တဲ့ လမ်းကြောင်းအနီးအပါးက လေဆိပ်တွေကို လိုက်ရှာပါတယ်။
ကျွန်တော့်အနေနဲ့တော့ ထရန်စပွန်ဒါနဲ့ ဆက်သွယ်ရေးစက်တွေ အဆက်အသွယ်ပျောက်သွားတာဟာ မီးလောင်လို့ ဆိုတာ လုံးဝဖြစ်နိုင်ပါတယ်။ ပိုဖြစ်နိုင်တာကလျှပ်စစ်ပိုင်းဆိုင်ရာမီးလောင် မှုပါ။ လောင်ပြီဟေ့ ဆိုတာနဲ့ ပထမဆုံးတုန့်ပြန်ရမှာကတော့ လျှပ်ပတ်လမ်းမှာရှိတဲ့ လျှပ်စစ် မိန်းဘတ်စ်ဘားလျှပ်ကူးတွေ ကိုဆွဲဖြုတ်ပြီးတစ်ခုပြီးတစ်ခု ပြန်တပ် ပျက်နေတဲ့ဟာ ကွက်ချန်ခဲ့ လုပ်ရမှာပါ။ အဲလိုဆွဲဖြုတ် လိုက်တာ နဲ့ လေယာဉ်ဟာ ရေဒါတွေ ရေဒီယိုလွှင့်ချက်တွေတိတ်ဆိတ်သွားမှာပါ။ ဖြစ်နိုင်ခြေကတော့ လေယာဉ်မောင်းခန်းထဲမှာ အခြေအနေဆိုးနေပြီးလေယာဉ်ကိုလည်းထိမ်းရ၊ မီးလဲသတ်ရ ပြာယာခတ်နေမယ့်ပုံပါပဲ။ အရေးပေါ်အခြေအနေလမ်းညွှန်မှုသုံးချက်ဖြစ်တဲ့ ပျံသန်း၊လမ်းကြောင်းရှာ၊ဆက်သွယ်ပြောဆို
ဆိုတဲ့ အထဲကဆက်သွယ်ဖို့ဆိုတာ ဒီလိုအခြေအနေမှာ ဘုရားတဖို့ပဲရှိပါတယ်။
မီးလောင်တာ ၂ မျိုးရှိပါတယ်။ လျှပ်စစ်မီးလောင်တာဆိုရင် မမြန်လောက်ပါဘူး။မီးခိုးအများကြီးလည်းမ ထွက်ကောင်းလောက်ပါဘူး။ သို့ပေမယ့် သိထားတဲ့ အချက်အလက်တွေအတိုင်းဆို ရင် ဖြစ်နိုင်ကောင်းတာ က၊ လေယာဉ်ရှေ့ဘီးတာယာတွေထဲက တစ်လုံးလုံး လေယာဉ်အတက်မှာ ကွဲပြီး တဖြည်းဖြည်း
မီးစလောင်နိုင်ပါတယ်။ ဒါမျိုးဟာ လေယာဉ်ဘီးတွေရဲ့ တာယာ လေပေါင်လျော့နေရင်ဖြစ်လေ့ရှိပါတယ်။ မှတ်မိကြဦးမှာပါ။ နိုင်ဂျီးရီးယားက DC8 လေယာဉ်တစ်စင်းအဲလိုဖြစ်လို့ မထိမ်းနိုင်မသိမ်းနိုင်မီးခိုး လုံးကြီးတွေ ထွက်လာခဲ့တာ။လေယာဉ်မှုးတွေမှာ အောက်စီဂျင်မျက်နှာဖုံးပါကြပါတယ်။ ဒါပေမယ့် မီးခိုးအတိုင်းအဆပေါ်မူတည်ပြီး ခဏတာပဲသုံးလို့ရမှာ ပါ။ မီးလောင်နေတာဆိုရင်တော့ လုံးဝအသုံးဝင်မှာ မဟုတ်ပါဘူး။
ခေါင်းထဲပေါ်လာတဲ့ တစ်ချက်က မီးခိုးတွေဟာ လေယာဉ်မောင်းခန်းမှာ ဖုံးလွမ်းသွားပြီး လေယာဉ် ဟာလည်း အလိုလျောက်ပျံသန်းတဲ့ ခလုပ်ဖွင့်ထားမယ်ဆိုရင်ဆီကုန်တဲ့အထိဦးတည် ထားတဲ့အရပ်ကို ပျံသန်းနေမယ်၊ ဆီကုန်ရင်ကုန်၊မကုန်လည်း မီးက လေယာဉ်မောင်းခန်းထဲအားလုံးလောင်ပြီးပျက် ကျနိုင်တာမျိုးပါ။လေယာဉ်လမ်းအတိုင်းရှာရမှာဖြစ်ပြီး နေရာအနှံ့ကို ရှာရမှာပါ။
လေယာဉ်အနုကြမ်းစီးတယ် လူသတ်တယ် ကိုယ့်ကိုကိုယ်သတ်သေတယ်၊လေယာဉ်ပေါ်မှာအင်ဂျင်နီယာပါ တယ် စတဲ့ မှန်းခြေတွေကလည်း မျက်မြင်သက်သေမပြနိုင်သမျှ အဲဒါတွေဘက်ကို မတိမ်းညွှတ်ပါဘူး။
ကျွန်တော်တို့နောက်ဆုံးဆက်သွယ်ခဲ့တဲ့စကားကိုသိကြပါတယ်။ လေယာဉ်မှုးတစ်ယောက်ရဲ့ရှုဒေါင့်ကကြည့်ရင် ဒီစကားဟာ လုံးဝပုံမှန်ပါ။ ဂွတ်နိုက်ဆိုတဲ့စကားကိုမြေပြင်လေကြောင်းထိန်းသိမ်းရေး ဌာနတစ်ခု ကနေ နောက်တစ်ခု ကို အပြောင်းမှာပြောလေ့ရှိပြီး ဆိုလိုရင်းကတော့ လေယာဉ်ခန်းထဲမှာ အားလုံးပုံမှန်ပါပဲလို့လုံးဝရည်ညွှန်းပါတယ်။ လေယာဉ် အခြေအနေမကောင်းဘူး ဘေးအန္တရာယ်ရှိနေပြီဆို တာကို လေယာဉ်မှုးတစ်ယောက်ဟာ နည်းမျိုးစုံနဲ့ အချက်ပြလို့ရပါတယ်။
လေယာဉ်အနုကြမ်းစီးခံထားရတဲ့ ကုဒ်ကိုသုံးရင်သုံး ဒါမှ မဟုတ် လေယာဉ်ထရန်စပွန်ဒါကထုတ်လွှတ်နေ တဲ့ ကုဒ်လေးလုံးတွဲထဲက တစ်လုံးလျော့ လွှတ်ပေးလိုက်တာနဲ့မြေပြင်လေကြောင်း ထိန်းသိမ်းရေးမှုးကတ ခုခုမှားနေပြီဆိုတာ သဘောပေါက်ပါတယ်။ လေယာဉ်မှုးကောင်းတစ်ယောက်ဟာ စကားနဲ့ မပြောနိုင်တဲ့ အခြေအနေမှာတောင်မိုက်ကရိုဖုန်းကို ဖွင့်ချည်ပိတ်ချည်သုံးပြီး SOSကို ဘယ်လိုလွှင့်ထုတ်ရမယ် ဆိုတာ ကောင်းကောင်းသိပါတယ်။ ခလုပ်သုံးခါ နှိပ်ချည်ဖွင့်ချည်လုပ်တာနဲ့တင် အချက်ပေးလို့ရပါတယ်။ ဒီတော့ ဒီအချက်အပေါ်နိဂုံးချုပ်ရရင်လေယာဉ်ပေါ်က နောက်ဆုံးဆက်သွယ်ချိန်မှာ လေယာဉ်မောင်းခန်းဟာ
အားလုံးကောင်းနေတယ်လို့ သုံးသပ်ပါတယ်။ သို့ပေမယ့် အခြေအနေတွေဟာဆိုးရွာဖို့ ဆက်စပ်ဖြစ်ပေါ်နေတယ်ဆိုတာ လေယာဉ်မှုး ရိပ်မိပုံမရပါဘူး။
ထင်ရှားတာကတော့ လေယာဉ်ရဲ့ ရေဒီယို ရေဒါသတင်းပို့တဲ့စံနစ်တစ်ခုဖြစ်တဲ့ACARS ဟာ အစောပိုင်းတစ်ချိန်ကတည်းက အလုပ်မလုပ်တော့ပါဘူး။ ပြောနေကြသလို ACARS ကိုပိတ်ပစ် ဖို့ဆိုတာ ပြောသလောက်မလွယ်ပါဘူး။ ဒီအချက်ဟာ ကျွန်တော့်အဖို့ လေယာဉ်လျှပ်စစ်ပိုင်းချို့ယွင်းတယ် ဒါမှမဟုတ် လျှပ်စစ်ပိုင်းမီးလောင်တယ်ဆိုတဲ့ အချက်ကို လက်နဲ့ ပိတ်ပစ်တယ်ဆိုတဲ့ အချက်ထက် ခိုင်ခိုင်မာမာယုံကြည်စရာဖြစ်ပါတယ်။ လေယာဉ်မှုး ACARS အလုပ်မလုပ်ဖူးဆိုတာသိချင်မှလဲ
သိမှာပါ။
လေယာဉ်အမြင့်ပေအတက်အကျဖြစ်တာနဲ့ပါတ်သက်လို့ပြောရရင် ဒီအချက်အလက်ဟာ လေယာဉ်ရဲ့ ထရန်စပွန်ဒါကပေးတာမဟုတ်ပဲ မိုင် ၂၀၀လောက်အကွာက မူလအခြေခံရေဒါ က ရတာပါ။ စက်ဝိုင်းဖြတ် ဖတ်ညွှန်းကိန်းဟာကြားခံလေထုလွှာ အချိုးသက်ရောက်မှုအများကြီးရှိနိုင်လို့ စိတ်ချယုံကြည်ရတဲ့
အချက်လို့ ကျွန်တော်မယူဆပါဘူး။ နို့ပေမယ့် ဒီအချက်ကို လက်ခံ ပြီးစဉ်းစားရရင် လေယာဉ်မှုးဟာ မီးလောင်မှုကို အားပေးတဲ့ အောက်စီဂျင် အနည်းဆုံးရှိရာလေထု အလွှာ ကို ပေ ၄၅ ၀၀၀ ရောက်အောင် ထိုးတက်ပြီးမီးငြိမ်းသတ်ဖို့ ကြိုးစားတာလည်းဖြစ်နိုင်ကောင်း ပါတယ်။ ပေ ၄၅ ၀၀၀ မှာလေယာဉ်ကို ထိမ်းရခက်လှပါတယ်။ လေယာဉ်ထိန်းချုပ်မှု ခက်ခဲပြီးလေထဲပျံနိုင်မှုပျက်ပျယ်တာ လုံးဝဖြစ်နိုင်ပါတယ်။ ဒါကြောင့်သတင်းတွေထဲမှာဖတ်ရသလို လေယာဉ်ထိုးဆင်းကျလာတဲ့နှုန်းဟာသိပ်မြန်တာပါ။ အဲဒီနောက်မှာ လေယာဉ်ဟာ ပေ ၂၅ ၀၀၀မှာပြန်တည်ငြိမ်တိန်းချုပ်လို့ရ တာပါ။ လေယာဉ်မှုး ဟာ လေယာဉ်ကို မီးငြိမ်းသတ်ဖို့ထိုးဆင်းချတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
လေယာဉ် အပိုင်စီးခံရတယ်ဆိုတာနဲ့ ပေ ၄၅ ၀၀၀ထိုးတက်သွားတယ်ဆိုတာ ကျွန်တော့်အမြင်မှာတော့ အဆက်အစပ်မရှိပါဘူး။
အချိန်အတော်ကြာပျံသန်းနေခဲ့တယ် ဆိုတဲ့ အချက်နဲ့ပါတ်သက်ပြီးပြောရရင်လေယာဉ်စထွက်တဲ့ ကွာလာလမ်ပူကနေ ဘေကျင်းအထိ လေယာဉ်ဆီပါတဲ့အပြင်တခြားလေဆိပ်တစ် ခုခု (ဥပမာ ရှန်ဟိုင်းလို) လမ်းကြောင်းတစ်ခုခုကိုအရေးပေါ် အခြေအနေမှာ လမ်းကြောင်းပြောင်းဖို့ နောက်ထပ် ၄၅ မိနစ်စာ
-ပြောရရင် ၈ နာရီစာလောက်ဆီပါမှာပါ။ဒီထက်ပိုရင်လည်းပိုပါလိမ့်မယ်။ပထမ တစ်နာရီအတွင်း မှာ လေယာဉ်တက်တာရယ် ပျံသန်းမယ့် အမြင့်ပေရောက်အောင်သွားတာရယ် ဆိုတော့ ပါသမျှ ဆီရဲ့ ၂၀%-၂၅%လောက်သုံးပြီးလောက်ပါပြီ။ လန်ကာဝီလေဆိပ်ကိုပြန်လှည့်ပြီးဦးတည်နေချိန်မှာ
လေယာဉ်မှာ ၆နာရီ ကျော်စာ ဆီကျန်ပါလိမ့်ဦးမယ်။
ဒီအချက်ဟာ အင်မားဆက်ဂြိုလ်တုက ဆီကုန်ချိန်အထိရတဲ့ ခြေရာခံ အချက်တွေနဲ့ပိုင်ပိုင်နိုင်အပြန်အ လှန်ဆက်စပ်မှုရှိနေပါတယ်။
အခုတော့သိကြပြီးဖြစ်တဲ့ လေယာဉ်ဟာဆီကုန်တဲ့ အထိပျံသန်းတယ်ဆိုတဲ့အချက်ဟာ ကျွန်တော့်အ ဖို့တော့ လေယာဉ်ပေါ်ပါ အမှုထမ်းတွေဟာ လေယာဉ်ကို ထိန်းချု ပ်နိုင်စွမ်းမရှိတော့ ပဲ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းကို ဦးတည်ပျံသန်းခဲ့တယ်ဆိုတဲက အချက်ကိုသာ အခိုင်အမာယူစ ရာဖြစ်နေပါတယ်။
ဒီထက်ပိုပြီး ထင်ကြေးပေးစရာ အထောက်အထား ကလည်း တက်မလာသေးပါဘူး။ လတ်တလောမှာတော့ မီးလောင်တာဖြစ်စေ၊ စက်အစိတ်အပိုင်းချို့ယွင်းတာဖြစ်စေ အခြေအနေ မျိုးကနေ လေယာဉ်ကိုကယ်တင်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားတဲ့လေယာဉ်မှုးကြီးကို မကောင်းပြောစရာ တစ်ကွက်မှ ရှာမတွေ့ပါဘူး။
လေယာဉ်မှုးကြီး ဇာဟာရီအာမက်ရှားဟာ မဖြစ်နိုင်တဲ့ အခြေအနေမှာ လေယာဉ်ကို လန်ကာဝီလေ ဆိပ်ကိုဆင်းသက်ဖို့ အစွမ်းကိုကြိုးပမ်းအားထုတ်သွားတဲ့သူရဲကောင်းတစ်ယောက် ပါ။ ကျွန်တော့် အမြင်မှာ သံသယ တစ်စွန်းတစ်စမျှမရှိပါဘူး။ ဒါကြောင့်လည်းလေယာဉ်ကို ချိုးကွေ့ပြီး လန်ကာဝီကို တိုက်ရိုက်
လမ်းကြောင်းလုပ်တာပါ။ လေယာဉ်အပိုင်စီးတာဆိုရင် တမင်သက်သက် ဘယ်ဘက်ကို ချိုးကွေ့ပြီး လန်ကာဝီကို ဦးတည်စရာမလိုပါဘူး။ ပြန်ပေးစွဲသူတွေအဆုံးအဖြတ် မချနိုင်ခင် လေယာဉ် ဟာ တောင်ရောက် မြောက်ရောက်ဖြစ်နေဦးမှာပါ။
အံ့သြဖို့ကောင်းတာက ဘယ်သတင်းထောက်၊ ဘယ်အရာရှိ၊ ဘယ်လေယာဉ်မှုးကမှ အင်တာဗျူးးတွေမှာ ဒီလေယာဉ်မှုးရဲ့ ရှုထောင့်ကနေ မကြည့်ခဲ့ကြပါဘူး။ဂူဂဲလ် အာ့သ်ကျေးဇူး နဲ့လန်ကာဝီ လေဆိပ်နဲ့ ပြေး လမ်း ကို ကြည့်ပြီးလေယာဉ်မှုးဟာ ဒီလေယာဉ်ကွင်းကို သိမယ်ဆိုတာ ချက်ခြင်းသဘောပေါက်မိပါ တယ်။အဲဒီကွင်းကိုတောင် သူ အကြိမ်အများကြီးဆင်းဘူးကောင်းဆင်းဘူးမှာပါ။
လေယာဉ်ပေါ်မီးလောင်ပြီဆိုရင် လုပ်စရာ တစ်ခုထဲရှိပါ တယ်။ လေယာဉ်ကို မြန်နိုင်သ မျှ မြန်မြန် မြေပေါ်ရောက်အောင်ဆင်းဖို့ပါ။ ကျွန်တော့် အာရုံထဲမှာ အခုထိမှတ်မိ
နေသေးတဲ့အတွေ့အကြုံ နှစ်ခု ရှိပါတယ်။ ၁၉၈၀ခုနှစ်များတုန်းက Air Canada ရဲ့DC9 လေယာဉ် အိုဟိုင်းယိုးက ကိုလမ်ဘတ်စ်မြို့ မှာလေယာဉ်ဆင်းရတုန်းကပါ။အဲဒီလေယာဉ် ရဲ့လေယာဉ်မှုးဟာ အချိန်ဆွဲပြီးလေဆိပ်တော်တော်များများကိုမဆင်းပဲကျော်လာခဲ့ပါတယ်။ သူ့ အနေနဲ့ အနီးဆုံးလေဆိပ်ကို မသိပါဘူး။ နောက်ဆုံးတော့ လေယာဉ်ကို မြေပြင်ရောက်အောင်ဆင်းနိုင်ပေမယ့်လူ ၃၀ လောက် အသက်ဆုံးခဲ့ပါတယ်။ ၁၉၉၈ မှာတော့ Swissair က DC-10လေယာဉ် နို ဗာ စကော့တီယာမှာပျက်ကျ တာဟာ သူရဲကောင်းဆန်တဲ့လေယာဉ်မှုးထပ်ပေါ်ခဲ့ပါတယ်။ လေယာဉ်ယာ ဟယ်လီဖက်စ် လေဆိပ်နဲ့ ၁၅ မိနစ်အကွာမှာပါ။မီးဟာ လေယာဉ်တစ်စီးလုံးလောင်ကျွမ်းနေ ပြီး ပင်လယ်ထဲထိုးဆင်းရမှာဖြစ် ပါတယ်။ဒါပေမယ့် အချိန် မမှီလိုက်တော့ပါဘူး။ ကနေဒီလေဆိပ်ကနေ လေယာဉ်တက်လာပြီး
တစ်နာရီ အကြာလောက်မှာမီးလောင်မှုဖြစ်တာပါ။ ဘာဖြစ်မယ်ထင်ပါလဲ ..။ ခန့်မှန်းကြည့်ကြပါ။ လေယာဉ် မီးလောင်တော့ လျှပ်စစ်မိန်းခလုပ်တွေ လျှပ်ကု ဘတ်စ်ဘားတွေကို ဆွဲဖြုတ်လိုက်ရတာပါ။ ထရန်စပွန်ဒါတို့ ဆက်သွယ်ရေးစက်တွေ အားလုံးပိတ်ကုန်ပါတယ်။
Google Earth ကို ယူပြီး Pulau Langkawi လို့ ရိုက်ထည့်ကြည့်လိုက်ပါ။ ပြီးရင်ရေဒါက ပြောတဲ့ ဦးတည်ရာကို ကြည့်လိုက်ပါ။ နှစ်နဲ့ နှစ်ပေါင်းရင် အဖြေ လေးရသလိုပါပဲ။ ကျွန်တော့်အ တွက်တော့ လေယာဉ် ဘာ့ကြောင့် လမ်းကြောင်းလှည့်ရလဲ၊ ဘာလို့ အဲဒီဘက်ကို ဦးတည်ရ လဲ ဆိုတာတွေကို ရိုးရိုးလွယ်လွယ်လေးရှင်းပြထားတာပါ။ တကယ့်ကို ထိုးထွင်း ဥာဏ်ကောင်း တဲ့ လေယာဉ်မှုးပါ။သူ အချိန် မရ လိုက်တာ ပါပဲ။
ZawMinnHtun | Myanmar Latest News

မှတ်ချက်များ