ကမ္ဘာ့ လူဦးရေရဲ့ ၅ ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ် တဲ့ အရည်အပြား ရောဂါ တစ်မျိုး ဖြစ်ပြီး အသားပေါ် မှာ စာရေးလို့ရတာ ကြောင့် သူ့ကို Dermatographic urticaria လို့ ခေါ်ပါတယ်။ Skin writing လို့ အင်္ဂလိပ် လိုလဲ အလွယ်ခေါ် ပါတယ်။
အထူးသဖြင့် ဆယ်ကျော်သက် တွေမှာ ဖြစ်တတ်ပြီး လက်သက်နဲ့ အသာလေး ခြစ်တာတောင် အစင်းကြောင်း ပေါ်ပါတယ်။ ဒါကြောင့် လက်သဲ ထိပ်နဲ့ စာလို ရေးသွားရင် တကယ် စာပေါ် ပါတယ်။ အချို့ ဆိုရင် ယင်း Disorder ဖြစ်နေချိန် စာရေးကြပြီး Facebook ပေါ်တင်တာတို့ ဓာတ်ပုံ ရိုက် မှတ်တမ်း တင်ထားတာတို့ ပြုလုပ်ကြ ပါတယ်။ အသက်အန္တရယ် မစိုးရိမ် ရပါဘူး။ သာမန် အရည်အပြား ရောဂါ တစ်မျိုး ဖြစ်ပြီး ဓာတ်မတည့်တဲ့ အစားအစာ တွေ စားဖြစ်ရင် လည်း ဖြစ်တတ် ပါတယ်။ အရည်အပြား ဆဲလ်ကို ကာကွယ်ပေးတဲ့ Antigen အားနည်းချိန် Histamine လို့ခေါ် တဲ့ ဆဲလ်က ကြွတတ်လာခြင်း ဖြစ်ပါတယ်။
အသေးစိတ်ကို လေ့လာချင်ရင် Wikipedia ရဲ့ http://en.wikipedia.org/wiki/Dermatographia မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။
ရိုးရာလေး

မှတ်ချက်များ