နေပြည်တော်ကောင်စီနယ်မြေတပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာအတွင်း ရန်ကုန်-မန္တလေး ကားလမ်း ဟောင်းပေါ်၌ ယနေ့ညနေ၄ နာရီ ၁၀ မိနစ်ခန့်က ၁၂ ဘီးအပြာရောင် ကုန်တင်ယာဉ် တစ်စီးအရှိန်လွန်ပြီး တံတား တစ်စင်းအောက် ထိုးကျကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (ယာပုံ)ဖြစ်စဉ်မှာ စစ်ကိုင်း တိုင်းဒေ သကြီး ရွှေဘိုမြို့ရပ်ကွက် (၁၀)နေ ယာဉ်မောင်း ကျော်ကြီး(ခ)ကျော်စိုးဝင်း (၄၇နှစ်) မောင်းနှင် လာသည့် Nissan Diesel အပြာရောင် ၁၂ဘီး၉ခ/----ကုန်တင်ယာဉ်သည် လောင်စာဆီပီပါခွံများ တင်ဆောင်ပြီးရန်ကုန်-မန္တလေးကားလမ်းမဟောင်းအတိုင်း မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ဦးတည်မောင်းနှင် လာစဉ်မျက်နှာ ချင်းဆိုင်မှ မောင်းနှင်လာသော ခရီးသည်တင်အဝေးပြေးမှန်လုံယာဉ်တစ်စီး ကို တိမ်းရှောင်လိုက်ရာမှ အရှိန်လွန်ဘီးချော်မှုဖြစ်ပြီး သပြေချောင်းကျေးရွာအတွင်းရှိ တံတားအမှတ်(၇/၂၇၀)တံတားပေါ် မှအောက်သို့ထိုးကျကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင် ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူ များ၏ပြောကြားချက်အရ သိရသည်။
မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်ပွားချိန် တွင် လေပြင်း များ ပြင်းထန်စွာတိုက်ခတ်နေကြောင်း၊ယာဉ်ပေါ်တွင်ပါရှိသည့် ယာဉ်မောင်းနှင့်နောက်လိုက်တစ်ဦးတို့မှာ ထိခိုက် ဒဏ်ရာများ မရရှိကြောင်း၊ သို့သော်လည်း အဆိုပါယာဉ်မှာအရှိန်ပြင်းစွာထိုးကျမှုကြောင့် ခါးလယ်မှကျိုးပြီး ဆိုးရွားစွာပျက်စီးခဲ့ကြောင်းသိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍သက်ဆိုင်ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
MOI Webportal Myanmar

မှတ်ချက်များ