ဒူးမှအရွတ်များကို အားဖြည့်သည့် အစားအစာများ

ဒူးနာနေသူများ၊ အဆစ်နာသူများ၊ အရိုးပွသူများ၊ လေးဖက်နာသမားတို့အတွက် အရွတ်များ အားကောင်းစေရန် အရွတ်များ ပျော့ပြောင်းစေဖို့ စားသုံးသင့်သည့် အစားအစာများကို ဖော်ပြရလျှင်

(၁) အိုမီဂါ (ဒ) ဖက်တီးအက်ဆစ်ယင်းကအရွတ်များ ကို ပျော့ပြောင်းစေသည်။ ဥပမာအားဖြင့် ဥများ၊ နှမ်းကြတ်စေ့၊ သစ်ကြားသီး၊ ရေအေးငါးများဖြစ် သည့် တူနာ၊ ဆယ်လ်မွန်တို့ဖြစ်သည်။

(၂)ဗီတာမင်စီ - သည်အရွတ်များ ကို ကျန်းမာစေပြီး အင်တီအောက်ဆီးဒင့်ဓာတ်ကို လည်း ရရှိစေသည်။ ဓာတ်တိုးဆန့်ကျင်မှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို လျော့ပါးစေသည်။ ဥပမာအားဖြင့် ရှောက်သီး ကဲ့သို့ အချဉ်သီးများ၊ ဟင်းရွက်သုတ်၊ ကိုက်လန်၊ ငရုတ်ပွသီး၊ စတော်ဘယ်ရီတို့ ကို စားသုံးနိုင်သည်။

(၃)ဗီတာကရိုတင်း - တည်သီး၊ ပြောင်း၊ လိမ္မော်၊ သင်္ဘော၊ ရွှေဖရုံ၊ ငရုတ်သီးပွအနီအခွံပွ၊ လိမ္မော်သီးတို့တွင် ပါဝင်သည်။

(၄) Quercetin - အင်တီအောက်ဆီးဒင့်ပါဝင်ပြီး ရောင်ရမ်းမှုကို ကာကွယ်ပေး နိုင်သောဓာတ်တစ်မျိုးဖြစ်ပြီး တည်သီး၊ ဘလူးဘယ်ရီ၊ ဘရိုကိုလီ၊ ကို ကိုးအမှုန့်၊ ရှောက်သီးများ၊သံလွင်ဆီ ၊ ကြက်သွန်ဖြူတို့တွင် ပါဝင်သ ဖြင့် စားသုံးသင့်သည်။

Myawady News

မှတ်ချက်များ