၃.၄.၂၀၁၄ရက်နေ့၁၁၄၀အချိန် မြောက်ဥက္ကလာ ပမြို့မရဲစ ခန်းမှ တပ်ဖွဲ့ဝင်များ သည် မြောက်ဥက္က လာပဆေး ရုံတွင် ဒဏ်ရာများဖြင့် ဆေးရုံတက်ရောက်
နေသူ အမျိုးသားတစ်ဦးသေဆုံး သွား ကြောင်းကြား သိရသဖြင့် သွားရောက်စစ်ဆေးခဲ့ ရာ သေဆုံးသူ မှာ ဇော်ထွေး(၃၇)နှစ်၊ (ဘ)ဦးထွန်းလှိုင်၊ (ည)ရပ်
ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေသူဖြစ်ပြီး ၎င်းတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာရရှိထားသည်ကိုတွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၃.၄.၂၀၁၄ ရက်နေ့ ၀၃၄၀ အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့ နယ်၊ ခေမာသီလမ်းနှင့် ခေမာကျောင်းလမ်းထောင့် ကတ္တရာလမ်းပေါ် တွင် အရက်မူးပြီးချော်လဲခဲ့ရာမှ ဦးခေါင်းနောက်စေ့စုတ်ပြဲဒဏ်ရာရရှိခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသနေစဉ် သေ ဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်းသိရှိခဲ့ရပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ မြောက်ဥက္ကလာပမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၇/၂၀၁၄)ဖြင့် ရေးဖွင့် ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

မှတ်ချက်များ