အရသာရှိတဲ့ ခရုဟင်း

ငယ်ငယ်က စမ်းချောင်းခရုမည်း လေးတွေစားဖူး သည်..။အရည်စပ်စပ်ပုံစံမျိုးနှင့် ဆန်လှော်ထည့် ထား တဲ့အနှစ် ခပ်ပျစ်ပျစ်ပုံစံမျိုး ၊ ဖေဖေ့မိတ်ဆွေ တစ်ဦးကျောက်မဲ ၊ မိုင်းလုံကလာ တိုင်း..ထိုခရု အမည်းရောင်လေးတွေလက်ဆောင် ယူလာတတ် သည်...။ မေမေချက်ပြောတာကတော့ရိုးရှင်းတဲ့ ရှမ်းရိုးရာဟင်းပုံစံမျိုး ....။

ခရုဆန်လှော်ဟင်း

စမ်းချောင်းခရုမည်း.....................၂ ဗူး (နို.ဆီဗူး)
ဆန်လှော်မှုန်. ...........................၃ ဇွန်း( ထမင်းစားဇွန်း)
ဆူးပုတ်...................................၁ စည်း
ကြက်သွန်နီ..............................၁ လုံး
ကြက်သွန်ဖြူ.............................၅ တက်
စပါးလင်..................................၁ ပင်
ဆား+ ဟင်းခတ်မှုန်. ..................သင့်တော်သလို
ငရုတ်ကောင်းမှုန်. .....................အနည်းငယ်
ခရုမည်းလေးတွေကို သွားပွတ်တံလေးအသုံးပြု ပြီး သန်.စင်နေအောင်ဆေးပါ
( ရွှံ.နှင့် ရေညှိ သန်.စင်စေရန် )

သံပုရာသီးတစ်စိတ်လောက်ညှစ် ၊ ဆားအနည်းငယ်ထည့်ပြီး ခေတ္တနှပ်ထားပါ
ကြက်သွန်နီ ၊ ဖြူ ၊ စပါးလင်တို.ကို ညှက်နေအောင်ထောင်းပြီး နနွင်းမှုန်. အနည်းငယ်နှင့်ဆီသတ်ပါ။
အနံ.မွှေးလာပြီဆိုရင် ခရုတွေထည့်ပြီး မွှေ ပေးပါ ။ ဆန်လှော်မှုန်. ၊ ရေ အနည်းငယ် ထည့်ပြီး..အဖုံးအုပ် ထားပါ ။
ဆား ၊ ဟင်းခတ်မှုန်. တို.နှင့်အရသာသွင်းပြီး..ဆူး ပုတ်ရွက် (ခပ်နုပ်နုပ်လှီးထားသော ) တွေထည့်ပြီး..ငရုတ်ကောင်းမှုန်. လေးခပ်လိုက်ရင်
ခရုဆန်လှော်ဟင်းရပါပြီ..။
ခရုစားတဲ့အချိန်မှာ သူတို.ရဲ.ဦးခေါင်းဖက် လေကာ လေးကိုခွါပြီး ပါးစပ်မှာတေ့စုပ်ယူလိုက်တာနဲ. ခရုသားတွေအကုန်ထွက်လာပြီး..စားရတာ
အရသာရှိတဲ့  ခရု ဟင်းပါ..။

မှတ်ချက်များ