အနီးကပ်လေ့လာမှုတွေ ပြုလုပ်ပြီးတဲ့နောက် မှာတော့ ဒီကင်းခြေများဟာ မြွေပွေးရဲ့ ဝမ်းဗိုက် အတွင်းသား တစ်ခုလုံးကို စားသောက်ပြီးတော့ အပြင်ကို ဖောက်ထွက်လာတာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ချခဲ့ပါတယ်။ ဒီမြင်ကွင်းကို ပရက်စပါရေကန် အတွင်းမှာရှိတဲ့ ကျွန်းလေးတစ်ခုပေါ်မှာ မြင်တွေ့ခဲ့ရတာပါ။
အမှန်ဆိုရင် ဒီမြွေမလေးဟာ ကင်းခြေများထက် ၂လက်မနီးပါး ပိုရှည်ပါတယ်။ ကင်းခြေများက ၆ လက်မ ဖြစ်ပြီးတော့၊ မြွေပွေးမလေးက ၇.၉ လက်မဖြစ်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ ကင်းခြေများက ၎င်းမြွေထက် ၁၄% ပိုလေးပါတယ်။ ကင်းခြေများက ၄.၈ ဂရမ်ဖြစ်ပြီးတော့၊ မြွေက ၄.၂ ဂရမ်လေးတာပါ။
မြွေပွေးက ပုံမှန် အိမ်မြောင်၊ ငှက်နဲ့ နို့တိုက်သတ္တဝါငယ်လေးတွေကို မြိုနေကျအတိုင်း ကင်းခြေများကိုလည်း အောင်မြင်စွာ မြိုပစ်လိုက်နိုင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာတော့ သူ့ရဲ့အစာဖြစ်တဲ့ ကင်းခြေများရဲ့ အရွယ်နဲ့ ခွန်အားကို လျှော့တွက်လိုက်မိတာပါ။
ခွဲစိတ်မှု ပြုလုပ်ပြီးတဲ့နောက်မှာတော့ မြွေရဲ့ ဝမ်းတွင်းကလီစာတွေ ပျောက်ဆုံးနေတာကို သိရပါတယ်။ ပြောရမယ်ဆိုရင် မြွေရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ကင်းခြေများက စားသောက်လိုက်တာပေါ့။ ဒါကြောင့်မို့လို့ မြွေရဲ့ညစာက သူမကို သေတဲ့ထိ သူမရဲ့ဝမ်းဗိုက်အတွင်းသားတွေကို ဖျက်ဆီး စားသောက်ပြီး ဝမ်းဗိုက်ကို ဖောက်ပြီးတော့ ထွက်ပေါက်ရှာခဲ့တာလို့ ယူဆကြပါတယ်။
ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင်တော့ ဒီကင်းခြေများတွေဟာ ကျောရိုးမဲ့ သတ္တဝါတွေဖြစ်ပေမယ့် အင်မတန်မှပဲ တောင်းတင်းသန်မာကြပါတယ်။ ပျိုရွယ်တဲ့ ကင်းခြေများတစ်ကောင်ကို သတ်ဖို့ဆိုတာ တော်တော်မလွယ်တဲ့အလုပ်ပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အဖွဲ့က ဒီမြွေဟာ ကင်းခြေများကို အရှင်လတ်လတ် ဘယ်လိုမြိုချနိုင်ခဲ့သလဲဆိုတာကို ဆက်လက် စူးစမ်းနေပါတယ်။
Ygn News

မှတ်ချက်များ