စင်္ကာပူမှာ ကားသွားမောင်းမယ်ဆိုရင် လစာ တထောင်

စင်္ကာပူမှာ ကားသွားမောင်းမယ်ဆိုရင် လစာ (စင်္ကာပူဒေါ်လာ) တထောင် အနည်းဆုံး ရမယ်လို့ ကြော်ငြာတခု တွေ့ရပါတယ်။

ကြော်ငြာကတော့ ခပ်ရှင်းရှင်း ခပ်တိုတိုပါပဲ၊င်္ကာပူနိုင်ငံအတွက် Driver လစာ (၁ဝဝဝ)နှင့်အထက် အမြန်အလိုရှိသည်။လို့ ရေး ထား တာပါ။

ရန်ကုန်မြို့ ကျောက်တံတားမြို့ တနေရာမှာ တည်ရှိတဲ့ ပြည်ပအ လုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုက ကြော်ငြာထားတာပါ။
လစာ တထောင်  ဆိုတာက စင်္ကာပူဒေါ်လာ ဖြစ်ပါလိမ့်မယ်။
အဲဒီတထောင်က မြန်မာငွေ ၇ သိန်းခွဲနဲ့ ညီမျှမှာပါ။

တခြားသောနိုင်ငံတွေမှာ လုပ်ကိုင်ဖို့လည်း ခေါ်ယူတဲ့ ကြော်ငြာတွေ တွေ့ရပါတယ်။စိတ်ဝင်စားတယ်ဆိုရင် အဲဒီ အေဂျင်စီမှာ လျှောက်လွှာတင်ရမယ့်ပုံပါပဲ။အောက်ဆုံးက ကြော်ငြာတခုကလည်း စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ဖို့ပါပဲ။

Work Permit ဖြင့် သွားရောက် လုပ်ကိုင်ရန် အမျိုးသမီးများ အမြန် အလိုရှိသည်။ ကျန်းမာ သန်စွမ်းပြီး အသက် ၂ဝ မှ ၃၅ အတွင်း ဖြစ်ရမည်။အကြွေးစနစ်ဖြင့် သွားရောက် လုပ်ကိုင်နိုင်ရန် အထူး စီစဉ်ပေးနေ ပါသည်။

အကြွေးစနစ် ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ဘာကို အကြွေးပေးမှာလဲ ဆိုတာကတော့ အေဂျင်စီ ကို မေးကြည့်ရင် အတိအကျ သိပါလိမ့်မယ်။

ခန့်မှန်းရတာကတော့ လေယာဉ်လက်မှတ်ဖိုး၊ အေဂျင်စီကို ပေးရမယ့် ပွဲစားခ ဆိုတာတွေ ဖြစ်မယ် ထင်ပါတယ်။

ဧရာဝတီ Blog

မှတ်ချက်များ