လေယာဉ်ရှာဖွေရေးလုပ်ငန်း သုံးပုံနှစ်ပုံပြီးမြောက် ပျောက်ဆုံးလေယာဉ်၏ မည်သည့် သဲလွန်စမျှ မတွေ့ရ

ဧပြီ ၈ရက်က ပျောက်ဆုံးသွားသော မလေး ရှားလေကြောင်း လိုင်းခရီးစဉ် အမှတ် အမ်အိတ်ခ်ျ ၃၇၀ ခရီးသည်တင်လေယာဉ်အတွက် ရေအောက် ရှာဖွေရေး လုပ်ငန်းများပြုလုပ်လျက်ရှိရာ ရှာဖွေရေး ဇုန်အကျယ်အ၀န်း၏ သုံးပုံနှစ်ပုံအား ပိုက်စိပ်တိုက် ရှာဖွေထောက်လှမ်းပြီးသည့်တိုင် ပျောက်ဆုံး
နေသည့်လေယာဉ်၏ အရိပ်အယောင်ကို မတွေ့ရသေးကြောင်း သြစတြေးလျအစိုးရတာဝန်ရှိ သူများက ဧပြီ ၂၁ ရက်တွင်ပြော ကြားသည်။

ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး တင်ဆောင်၍ ပျောက်ဆုံးသွားသော ခရီးစဉ်အမှတ် အမ်အိတ် ခ်ျ ၃၇၀ ဘိုရင်း ၇၇၇လေယာဉ်ကို ဝေဟင်၊ ရေပြင် ရှာဖွေမှုများ အပြင်းအထန်လုပ်ဆောင်နေ သည့်တိုင် ရှာဖွေရေးဇုန်အတွင်း မည်သည့်အပျက်အစီးမှ မတွေ့ရခြင်းကြောင့် ရှာဖွေရေးလုပ်ငန်းမျှော်လင့် ချက်မှာ အမေရိကန်ရေတပ်၏ ဘလူးဖင်း-၂၁ ရေအောက်ရှာဖွေရေးယာဉ်အပေါ်တွင် မူတည်နေပြီဖြစ် သည်။

သို့ရာတွင် ဘလူးဖင်း ရေအောက်ဆင်းယာဉ်သည် ယနေ့အချိန်အထိ သတ်မှတ်ရှာဖွေရေးဇုန်အကျယ်အ ၀န်း၏ သုံးပုံနှစ်ပုံကိုရှာဖွေပြီးသည့်တိုင် ပျောက်ဆုံးလေယာဉ်နှင့်ပတ်သက်၍မည်သည့်သဲလွန်စမျှမ ရသေးကြောင်း ရှာဖွေရေးလုပ်ငန်း တာဝန်ရှိသူများက ပြောကြားသည်။

ရေအောက်ရှာဖွေဇုန်သည် ပျောက်ဆုံးလေယာဉ်ပျံသန်းမှုမှတ်တမ်းတင်ကိရိယာ၏ဒုတိယမြောက်အချက်ပြ လှိုင်းထွက်ပေါ်ရာနေရာအားဗဟိုပြု၍ အချင်းဝက် ၁၀ ကီလိုမီတာ အ၀န်းအ၀ိုင်းရှိကြောင်း သိရသည်။ဘလူးဖင်း ၂၁ ရေအောက်ဆင်းယာဉ်၏ ပင်လယ်ကြမ်းပြင်ရှာဖွေရေးဇုန်အကျယ်အ၀န်းမှာ ဧပြီ ၂၁ ရက်တွင် စတုရန်းကီလိုမီတာ ၄၉၄၉၁ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သြစတြေးလျတာဝန်ရှိသူများက ပြောကြားသည်။

စံတော်ချိန်နေ့စဉ်သတင်းစာ

မှတ်ချက်များ