၁၆.၄.၂၀၁၄ရက်နေ့ ၁၇၀၀ အချိန် မရမ်းကုန်း မြို့နယ်နေ MA ရေသန့်စက်ရုံ ယာဉ်မောင်း ကိုဇော် မိုးအောင်မှ ၎င်းသည် သင်္ကြန်လည်ပတ်ပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် MA ရေသန့်စက်ရုံ အလုပ်သမားဖြစ်သူ ရွှေအတွင် မေးစေ့ထိုးသွင်း ဒဏ်ရာ(၁)ချက်ရရှိသည်ကို တွေ့ရှိရသဖြင့် မေးမြန်း ရာ ဆယ့်နှစ်ကွင်းဆိုသူနှင့် ကတုံး (ခ) လှနေဦး တို့(၂)ဦးမှ ဓါးဖြင့် ထိုးသွား၍ ရရှိသည့် ဒဏ်ရ ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
ထိုသို့ မေးမြန်းနေစဉ် ကတုံး(ခ)လှနေဦးမှာ ပြန်လည်ရောက်ရှိလာသဖြင့် ကိုဇော်မိုးအောင်နှင့်အဖွဲ့မှ ၀ိုင်းဝန်းဖမ်းဆီးစဉ် ကတုံး(ခ)လှနေဦးမှ အသင့် ပါလာသော အရိုးအသွား(၁၁)လက်မခန့်ရှိဓါးဖြင့် လိုက်လံထိုးခဲ့၍ ကုမ္ပဏီ မန်နေဂျာ ကိုကျော်လွင်ဦး၏ ကျောကုန်းယာဘက်တွင် ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိခဲ့ပါသည်။
ယင်းကဲ့သို့ဒဏ်ရာရရှိသူများကို မြောက်ဥက္ကလာ ဆေးရုံသို့ ပို့အပ် ဆေးကုသခဲ့ရာ အတွင်းလူနာ (စိုးရိမ်ရ)များအဖြစ်တက်ရောက်ကုသခဲ့ရသောကြောင့် ဓါးဖြင့်ထိုးသူ ဆယ့်နှစ်ကွင်းဆိုသူနှင့် ကတုံး (ခ)လှနေဦးတို့(၂)အား အရေးယူပေးရန်တိုင်တန်းလာသဖြင့်မရမ်းကုန်းမြို့မရဲစခန်း(ပ)၁၃၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေစဉ် ဒဏ်ရာရရှိသူ ကိုကျော်လွင်ဦးမှာ ၁၉၃၀ အချိန်တွင် သေဆုံး သွားခဲ့သဖြင့် ပြစ်မှု ပုဒ်မ ၃၂၆ မှ ၃၀၂ သို့ ပြောင်းလဲဖွင့်လှစ်ကာ ဆယ့်နှစ်ကွင်းဆိုသူနှင့် ကတုံး(ခ)လှနေဦးတို့(၂)အား ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
ပင်မ
/
ဓါးဖြင့်ထိုးသွားသူကို ၀ိုင်းဝန်းဖမ်းဆီးစဉ် ပြန်လည်ခုခံကာ ဓါးနှင့်ထပ်မံထိုး သဖြင့် (၁)ဦးသေဆုံး

မှတ်ချက်များ