အမေရိကန်သမ္မတအနေဖြင့် ယခုနှစ်ကုန်တွင် မြန်မာ၊ တရုတ်နှင့် ဩစတြေးလျနိုင်ငံများသို့ ဆွေးနွေးပွဲများ တက်ရောက်ရန် သွားရောက်မည်ဖြစ်ကြောင်း ဧပြီ ၈ ရက်က နယူးရောက်မြို့ Asia Society Policy Institute ဖွင့်လှစ်သည့်အခမ်းအနား၌ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး William J.Burns က ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုဝင်ဘာလအတွင်း ကျင်းပမည့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲနှင့် အမေရိကန်အာဆီယံေ ခါင်းဆောင်များ ဆွေးနွေးပွဲများသို့ ပုံမှန်အားဖြင့် တက်ရောက်ရန် စီစဉ်ထားသည်ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း ပြောသည်။သို့သော် သီးခြားအတည်ပြု ချက်မရှိသေးကြောင်း အထက် ပါပုဂ္ဂိုလ်က ပြောသည်။
အရှေ့အာရှထိပ်သီးဆွေးနွေးပွဲနှင့် အမေရိကန်အာဆီယံခေါင်းဆောင်များဆွေးနွေးပွဲများသို့ အမေရိကန် သမ္မတ ပုံမှန်တက်ရောက်လေ့ရှိပြီး အရေးကြီးသော အကြောင်းအရာများပေါ်မှသာလျှင်တက်ရောက် ခြင်းမရှိပေ။ ၂၀၁၃ နိုဝင်ဘာတွင် ဘရူနိုင်း နိုင်ငံတွင် ကျင်းပသော ဆွေးနွေးပွဲသို့ အိုဘားမား တက်ရောက် ရန် စီစဉ်ပြီးမှ ဆီးရီးယားနိုင်ငံ၌ ဖြစ်ပေါ်နေသော အခြေအနေများကြောင့် မတက်ရောက်ဖြစ်ဘဲ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသာ တက်ရောက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲများတွင် လုံခြုံရေးကဏ္ဍ၊ ချမ်းသာကြွယ်ဝ မှု၊ လူ့ဂုဏ်သိက္ခာ စသည်တို့ကို အလေးထားဆွေးနွေးသွားမည်ဟုလည်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဌာန William J.Burns က ပြောကြားသည်။
အမေရိကန်သမ္မတ ဘားရတ်အိုဘားမားသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် မြန်မာနိုင်ငံသို့ ပထမဆုံးအ ကြိမ်လာရောက်ခဲ့သော အမေရိကန်သမ္မတအဖြစ် သမိုင်းဝင်ခဲ့ပြီး ယခုခရီးစဉ်သည် ၂ နှစ်အတွင်း ၎င်း၏ ဒုတိယမြောက်ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။
အိဖြူလွင် | 7day daily

မှတ်ချက်များ