ကားလမ်းဘေး လယ်ယာမြေများ ဝယ်ယူ၍ စက်သုံးဆီဆိုင် ဖွင့်သူများလာ

လုပ်ငန်းရှင်အချို့သည် အမြန်လမ်းအပါအဝင်အဝေးေ  ပြးလမ်း မကြီးများဘေးရှိ လယ်မြေ များကိုဝယ်ယူ၍ စက်သုံးဆီဆိုင် ဖွင့်လှစ်မှု ပိုများလာကြောင်း သတင်းရ ရှိသည်။

လယ်ယာမြေများကိုစိုက်ပျိုး ရေးမှအပ အခြားသော လုပ်ငန်း များ ပြောင်းလဲလုပ်ကိုင်ရန် လက် လွှဲရောင်း ချခြင်းဥပဒေအရ ခွင့် မပြုသော်လည်း ဒေသအာဏာ ပိုင်များ၏ ခွင့်ပြုချက်ဖြင့် စက်သုံး ဆီဆိုင်များ အပြိုင်အဆိုင်တည် ဆောက်နေခြင်း ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

‘‘စက်သုံးဆီဆိုင်ယဉ်ကျေးမှု က ထွန်းကားလာပြီ။ ဆိုင်ဖွင့်ပြီး ရောင်းဖို့ထက် ရင်းနှီးမြှုပ်နှံမှုလုပ် တဲ့ပုံစံတွေက များလာတယ်’’ဟု Farmer Phoyarzar အထွေထွေ ဝန်ဆောင်မှုကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာဒေါက်တာစိုးထွန်းက ပြောကြားသည်။

ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံရှိ မြို့ကြီးများအတွင်း ၌ မြေဈေးများလွန်စွာကြီးမားလာ သဖြင့် ရင်းနှီးမြှုပ်နှံလိုသူများသည် မြို့ပြင်ရှိလယ်ကွက်များ၊ အဝေး ပြေးလမ်းမကြီးများဘေးရှိ လယ် ကွက်များကို ဝယ်ယူမှုများလာ သည်။

ထို့နောက် မြေကွက်များ၏ တန်ဖိုးမြင့်တက်ရန် စက်သုံးဆီ ဆိုင်များ တည်ဆောက်ပြီး အနီး ပတ်ဝန်းကျင်မှ မြေကွက်များ၏ ဈေးနှုန်းကိုပါဆွဲတင်ရန် ပြုလုပ် လာခြင်းဖြစ်သည်ဟုလုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။

စက်သုံးဆီဆိုင်များဖွင့်လှစ် မှုမှာ အစိုးရက ပုဂ္ဂလိကပိုင်ပြုလုပ် ပြီး ဆိုင်ပေါင်း ၈၀၀ ကျော်တိုး တက်လာသည်။ ယခုအခါ နိုင်ငံ တစ်ဝန်း ပုဂ္ဂလိကစက်သုံးဆီဆိုင် ပေါင်း ၁,၀၀၀ ကျော် ရှိနေ ကြောင်း စွမ်းအင်ဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားသည်။

‘‘ဆိုင်ဖွင့်ထားပေမယ့် ဘာ ဆီသွားထည့်ထည့် မရှိဘူးပဲ။ တချို့ဆိုင်တွေဆို နေ့ဘက်ကို ခဏပဲဖွင့်တယ်’’ဟု ပို့ကုန်စီးပွား ရေးလုပ်ငန်းရှင်ဦးမျိုးသူရအေးက ပြောကြားသည်။

စက်သုံးဆီဆိုင်များဖွင့်လှစ် ရန် မြေဝယ်ယူမှုများ၊လမ်းဖောက် ခြင်း၊ အိမ်ရာတည်ဆောက်ခြင်း တို့ကြောင့်လည်း မြေဈေးများ ပိုတက်နေကြောင်း မဏ္ဍိုင်အိမ်ခြံ မြေအကျိုးဆောင်ကုမ္ပဏီမှ အုပ် ချုပ်မှုဒါရိုက်တာဦးသန်းဦးက ဆိုသည်။ အခြားစီးပွားရေးလုပ်ငန်း များ မဖွံ့ဖြိုးဘဲ သစ်၊ ကျောက် မျက် အပါအဝင် အခြားသော တရားမဝင် ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှုမှရသောငွေများ (ငွေမည်းများ)ကို ငွေဖြူပြုလုပ် ရန် တစ်ခုတည်းသော ထွက်ပေါက် ဖြစ်နေခြင်းတို့ကြောင့် အိမ်ခြံမြေ များတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြင့် နေရခြင်းဖြစ်ကြောင်း စီးပွား ရေးလုပ်ငန်းရှင်များက သုံးသပ် ပြောကြားသည်။

လုပ်ငန်းရှင်များသည် အိမ် ခြံမြေများတွင် ရင်းနှီးမြှုပ်နှံရာ၌ မြို့ပြဒေသများတွင် သာမက ကျေးလက်ဒေသမှ လယ်ယာမြေ များပါဝင်လာသဖြင့် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုထိခိုက်မည် ကိုစိုးရိမ်စရာ ဖြစ်လာကြောင်း ဒေါက်တာစိုးထွန်းက ပြောသည်။

လယ်ယာမြေနှင့်ပတ်သက် ၍ ဥပဒေ၊ နည်းဥပဒေများတွင် လယ်ယာမြေလုပ်ကိုင်ခွင့်လက် မှတ်ငှားရမ်းခြင်း၊ ပေါင်နှံခြင်းပြု လုပ်၍ရသော်လည်း တရားဝင် ရောင်းချခြင်းမျိုး ခွင့်မပြုပေ။ ထို့ အပြင် လယ်ယာမြေကို စိုက်ပျိုး ရေးလုပ်ငန်းအတွက်သာ အသုံး ပြုရမည်ဟု ဥပဒေတွင်ပြဋ္ဌာန်း ထားသည်။

လက်ရှိ ပြဋ္ဌာန်းထားသော လယ်ယာမြေဥပဒေနှင့် နည်း ဥပဒေအရ လယ်ယာမြေများကို ပြည်သူများမပိုင်ဘဲ၊ လုပ်ကိုင်ခွင့် သာရှိပြီး နိုင်ငံရှိမြေအားလုံးကို အစိုးရကသာပိုင်သည်။

လယ်ယာမြေများတွင် ရင်း နှီးမြှုပ်နှံသူများမှာ အခြားလုပ်ငန်း များကဲ့သို့ ဝန်ထမ်းစရိတ်၊ ရာသီ ဥတုဖောက်ပြန်မည်ကိုလည်း မစိုး ရိမ်ရသဖြင့် ရင်းနှီးမြှုပ်နှံမှုများတိုး မြင့်လာခြင်းဖြစ်သည်။

ထို့ကြောင့် မြေယာများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာမှု ကို ထိန်းချုပ်ရန်မြေယာပိုင်ဆိုင်မှု အခွန်ကို နိုင်ငံတော်က တရားဝင် ပြဋ္ဌာန်းကောက်ယူရန် စီးပွားရေး လုပ်ငန်းရှင်အချို့က တောင်းဆို နေကြသည်။

လုပ်ငန်းချဲ့ထွင်ရန် လိုအပ် သည့်မြေဝယ်ယူရန် မြေဈေးနှုန်း ကြီးမြင့်မှုက အခက်အခဲတစ်ခု ဖြစ်နေသည်။ ထို့ကြောင့် လုပ်ငန်းမလုပ်ဘဲ မြေယာဝယ်ယူပိုင် ဆိုင်ထားပါက အမေရိကန်နိုင်ငံကဲ့သို့ပင် ပိုင်ဆိုင်မှု အခွန်အနည်းဆုံးမြေယာ တန်ဖိုး၏ ၁ ရာခိုင်နှုန်းကောက်ယူသင့်ကြောင်း လုပ်ငန်းရှင်များက အကြံပြုသည်။


ပြည်သိမ်း | 7day daily

မှတ်ချက်များ