ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမဏီ၊ ပြင်သစ်နိုင်ငံခရီးစဉ် စတင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်ဟာ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်အ တွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ဧပြီ လ ၉ ရက်နေ့ ညပိုင်းက ထွက်ခွာသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လိုက်ပါသွားကြ သူတွေကတော့ NLD ဥက္ကဋ္ဌ ရုံး တာဝန်ခံ ဒေါက်တာ တင်မာအောင်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးတို့ ဖြစ်ပါတယ်။

နိုင်ငံတကာ ၀ီလီဘရန့်ဆုကို လက်ခံယူဖို့ သွားတဲ့ ဂျာမနီနိုင်ငံ ခရီးစဉ်အတွင်း ၀န်ကြီးချုပ် အိန်ဂျယ်လာ မာခဲလ်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီအပြင် အပြင် ဂျာမန် လွှတ်တော် တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါ တယ်။

ဧပြီလ ၁၄ ရက်နေ့မှာ ဂျာမဏီကတဆင့်  ပြင်သစ်နိုင်ငံကိုရောက်ရှိမှာဖြစ်ပြီး ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လွန်းန်ဒ်နဲ့ တွေ့ဆုံဖို့ ရှိသလို ပြင်သစ် လွှတ်တော် တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိပါတယ်။ ပြင်သစ်ခရီးစဉ်အတွင်း ပြင်သစ် စစ်တက္ကသိုလ်ကိုလည်း သွားရောက်လေ့လာဖို့ ရှိတယ်လို့ သိရပါတယ်။


အိမ့်သံစဉ် | ဧရာဝတီ

မှတ်ချက်များ