ခိုးရာလိုက်ရာမှ ပြန်အပ်သည့်နေ့တွင် ကန်တော့သည်ကို ဖခင်က မခံသောကြောင့် သမီးဖြစ်သူ အဆိပ်သောက်သေ ဆုံး မှု မှော်ဘီမြို့ နှောကုန်းကျေးရွာ တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
နှောကုန်းကျေးရွာ ရွာသစ် ကုန်းပိုင်းတွင် ဧပြီ ၁ရက် က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးသေဆုံးသူမှာ အသက် (၂၁)နှစ် အရွယ်ရှိကာ ဖခင်က ကန်တော့မခံသောကြောင့်တ ရုတ်နိုင်ငံထုတ် ပိုးသတ်ဆေးသောက်၍ ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ခြင်းဖြစ်ကြောင်း မှော်ဘီမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိကပြောသည်။
‘‘ပိုးသတ်ဆေးတွေသောက်တာ သိသိချင်းဆေးရုံပို့ခဲ့ပေမယ့် အသက်မမီတော့ဘူး။ ဒီအမှုကို အသေးစိတ်စစ်ဆေးနေတုန်းပါ’’ ဟု အဆိုပါရဲအရာရှိကပြောသည်။
သေဆုံးသူမှာ လွန်ခဲ့သော ရက် ၂၀ ခန့်က ၎င်း၏ ချစ်သူနှင့် ခိုးရာလိုက်ပြေးခဲ့ပြီး ဧပြီ ၁ ရက် က ထုံးတမ်းအစဉ်အလာအတိုင်း မိဖများထံသို့ ပြန်အပ်စဉ် ယင်း ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုအား မှော်ဘီမြို့မ ရဲစခန်းတွင် သေမှုသေခင်းဖွင့်ကာစစ်ဆေးနေကြောင်း သတင်းရရှိသည်။
7 day daily

မှတ်ချက်များ