နယ်သင်္ကြန်ကို ပိုလွမ်းတယ်လို့ ပြောတဲ့ ဆုမြတ်နိုးဦး

အနုပညာရှင်တစ်ယောက်ရဲ့ ဘ၀ကို မက်မောပျော် ရွှင်မိပြီး မင်းသမီးဆိုတာထက်သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ချင်ပါ တယ်လို့ဖွင့်ဟလာတဲ့ ဆုမြတ်နိုးဦးနဲ့တွေ့ဆုံခိုက် ‘ဒီနှစ်သင်္ကြန်က ရန်ကုန်မှာပဲရှိမှာပါ။ မဏ္ဍပ်ကတော့ မရွေးရသေး ဘူး။ မြတ်နိုးက နှစ်ဆန်း၁ ရက်နေ့ကျရင် ဗီယက် နမ်သွားရမှာဆိုတော့လေ။ Myanmar Tourison Serviceနဲ့တူတူသွားမှာပါ။ ဟိုမှာ နိုင်ငံပေါင်း ၆၀ကျော်ကနေလုပ်တဲ့ International food festival ကိုသွားမှာပါ။

ညီမရယ်အေးချမ်းမိုးရယ် နှစ်ယောက်ပေါ့။ သင်္ကြန်နဲ့ပတ်သတ်တဲ့ စိတ်ခံစားချက်က ပျော်တာပေါ့။ သီချင်းသံကြားရင်ကို လှုပ်ချင်နေပီလေ။ ဒါပေမဲ့ သင်္ကြန်သီချင်းတွေက ဘယ်လောက်ပဲဟောင်းဟောင်း၊ ဘယ်ချိန်ပြန်နားထောင်နားထောင် ရိုးမသွားဘူး။ မြတ်နိုးတို့ ကော့သောင်းသင်္ကြန်က ပိုပျော်ဖို့ကောင်း သလိုပဲ။ ရန်ကုန်မှာကျတော့ အပျော်လွန်ပြီး အပျက်တွေဖြစ်တတ်လို့လေ။ ဟိုမှာလဲမရှိတာတော့ မဟုတ်ဘူး။ ရှိတယ်။ ဟိုမှာက ကိုယ့်မြို့လေးဆိုတော့ သိုက်သိုက်ဝန်းဝန်းလေးနဲ့ မြတ်နိုးတို့နယ်သင်္ကြန်ကို ပိုသတိရပါတယ်။ မြတ်နိုးကတော့သင်္ကြန်မှာ ဘောင်းဘီရှည်နဲ့ ပေါ့ပေါ့ပါးပါးဖြစ်မဲ့ပုံစံမျိုးပဲ ရွေးချယ်ဖြစ်မှာပါ။ အသားအရေလဲ ထိခိုက်နိုင်တယ်။ အေးလဲအေးတယ်ဆိုတော့ ဘောင်းဘီရှည်ဒါမှမဟုတ်စတော်ကင်အ ရှည် နဲ့အပေါ်ပိုင်းကတော့ ပေါ့ပေါ့ပါးပါးပဲဝတ်ဖြစ်မှာပါ။ မြတ်နိုးက မျက်မှန်အရမ်းကြိုက် တယ်။ ပရိသတ်ကြီးအားလုံးလဲ သင်္ကြန်မှာ မြန်မာ့နှစ်သစ်ကူးပွဲတော်တစ်ခုဖြစ်တဲ့တွက် စိတ်ထဲရှိတဲ့တိုင်း ကို ပျော်ကြမှာပါ။ အပျော်မလွန် ပါစေနဲ့။ ထိန်းထိန်းသိမ်းသိမ်း ပျော်ပါလို့။ ညီမက ဗီယက်နမ်က၂၂ရက်နေ့ ပြန်ရောက်မယ်။ ၂၃ရက်နေ့ ပြင်ဦးလွင် တက်ပါမယ်။ ၂၄ရက်နေ့မှာ ကိုညိုမင်းလွင်နဲ့ ကားရိုက်ရှိလို့ပါ။ ကျန်တာတွေကတော့ မသိသေးဘူး။ ဒါရိုက်တာကတော့ ညိုမင်းလွင်ပါ’လို့ သူမက ပြောပြပေးခဲ့ပါတယ်။

ခင်ဆွေသက် | Trend Myanmar

မှတ်ချက်များ