မကြာမီ မိုးရာသီ သို့ ရောက်ရှိ လာတော့ မည် ဖြစ်ရာ ဓနိ ကို အသုံးပြု ဆောက်လုပ် ထားသည့် လုပ်ငန်း အဆောက် အအုံများ နှင့် နေ အိမ် အဆောက် အအုံများ ၏ အမိုးအကာ များ ကို မိုးမကျမီ ကြိုတင် ပြင်ဆင် ဆောင်ရွက် ကြရ စမြဲ ဖြစ်သော ကြောင့် အိမ်မိုး ဓနိများ ကို ဝယ်ယူ ကာ ပြင်ဆင် လုပ်ဆောင် နေကြပြီ ဖြစ်သည်။ ထို့ကြောင့် ရန်ကုန် မြို့ ဓနိ ဈေးကွက် များနှင့် မြစ်ဝကျွန်း ပေါ် ပင်ရင်း ဒေသ ဓနိ ဈေးကွက်များ မှာ လည်း သွက်လက် လှုပ်ရှား လာပြီ ဖြစ်ကြောင်း ဓနိ ကုန်သည် များ ထံမှ သိရ သည်။
''လက်ရှိ မှာ မြို့နယ် အနီး အဝေး ခရီး စရိတ် ပေါ် မူတည် ပြီးတော့ ဓနိပျစ် တစ်ရာ ကို ၄၅ဝဝ ကနေ ၅ဝဝဝ အထိ ပေါက်ဈေး ရှိပါ တယ်။ မြစ်ဝ ကျွန်း ပေါ် ပင်ရင်း ဒေသ တွေက ဓနိ ကို စက်လှေ တွေနဲ့ ရန်ကုန် ဈေးကွက် ကို တင်ပို့ ရင် သယ်ယူ စရိတ် ကြောင့် ဈေးနှုန်း အနည်း ငယ် ပိုများ ပါတယ်။ ပင်ရင်း ဈေးကွက် တွေမှာ ဓနိပျစ် တစ်ရာ ကို ၃ဝဝဝ ကနေ ၃၅ဝဝ အထိ ဈေးနှုန်း ရှိပါ တယ်။ ဓနိ ဈေးကွက် က သွက်လာ တော့ ဓနိတံဝါး တွေ ကလည်း တစ်စီး ကို ၄၃ဝ ကနေ ၆ဝဝ အထိ ဖြစ်လာ ပါတယ်'' ဟု ဓနိ ကုန်သည် တစ်ဦး က ပြောပြ ခဲ့သည်။
ပင်ရင်း ဒေသ များ တွင် ဓနိ ဈေးကွက် သွက်လက် လှုပ်ရှား နေ သဖြင့် ယင်း ဒေသ အတွင်းရှိ လက်လုပ် လက်စား အလုပ် သမားများ မှာ လည်း ဓနိ ခုတ် အလုပ်၊ ဓနိထိုး အလုပ် နှင့် ဓနိသယ် အလုပ် များ လုပ်ကိုင် ပြီး နေ့စဉ် ဝင်ငွေ ရရှိကာ အဆင် ပြေ နေကြ သည်။ တချို့ သော မိသားစု များမှာ ဓနိ အလုပ်ရုံ များမှ ဓနိများ ကို မိမိ တို့၏ နေအိမ်များ သို့ ယူဆောင် ကာ မိသားစု စုပေါင်း ဓနိ လုပ်ငန်း ကို လုပ်ကိုင် ကြသဖြင့် ဝင်ငွေ ရရှိကာ အဆင်ပြေ နေကြောင်း သိရ သည်။ ဓနိ ဈေးကွက် မှာ နှစ်စဉ် နယုန် လ အထိ သွက်လက် လှုပ်ရှား လေ့ ရှိတတ် သဖြင့် ဒေသခံ လက်လုပ် လက်စား အလုပ် သမား များ အနေဖြင့် နောက် သုံး၊ လေးလ အထိ ဓနိ လုပ်ငန်း မှ ဝင်ငွေများ ရရှိ ကာ အဆင် ပြေ နေကြမည် ဖြစ်ကြောင်း သိရ သည်။
ဇာညီသစ္စာ

မှတ်ချက်များ