သင်္ကြန်ပြီးရင် တရားရိပ်သာဝင်မယ်လို့ဆိုတဲ့ သရုပ်ဆောင် ဂန္တဝင်

သရုပ်ဆောင်ဂန္တဝင်ကို ပရိသတ်တွေနဲ့ ကွာဟသွား တာကြာပြီ ဖြစ်တာကြောင့် လတ်တလော အနုပညာ လှုပ်ရှားမှုနဲ့ သင်္ကြန်ရောက်ရင် ဘယ်လိုဖြတ်သန်း ဖြစ်သလဲ ဆိုတဲ့ အကြောင်း မေးမြန်းကြည့်လိုက် တဲ့အခါ မှာတော့ ‘အစ်မ အခုလတ်တလောကတော့  ဓာတ်ပုံရိုက်လောက်ပဲ လုပ်ဖြစ်နေပါတယ်။

ဟိုတစ်လောကတော့  သြစတြေးလျမှာသွားပြီး ဖျော်ဖြေရေးအနေနဲ့ သီချင်း သွားဆိုလိုက်ပါသေး တယ်။ တေးစီးရီးထွက်ဖို့ အစီအစဉ်တော့ လောလောဆယ် မရှိသေးပါဘူး။ ဒါပေမဲ့ ကိုယ်ပိုင်သီချင်းလေးတွေ ရှိချင်တာကြောင့် သီချင်းတွေ ရေးနေတာတော့ရှိပါတယ်။ အစ်မရဲ့ပရိသတ်တွေအတွက် အပြောင်းအလဲ ဖြစ်အောင်လို့ သီချင်းဘက်ကို ဦးစားပေးပြီး အဆိုဘက်နဲ့ ချပြသွားမယ်ဆိုတဲ့ အစီအစဉ် စိတ်ကူးတော့ ရှိပါတယ်။ ဒီနှစ်သင်္ကြန် ရန်ကုန်မှာပဲ ရှိမှာပါ။ သင်္ကြန်ကို နှစ်တိုင်းနှစ်တိုင်းတော့ ဖြတ်သန်းဖူးသလို
ခရီးထွက်ဖြစ်တာတွေလည်း ရှိပါတယ်။ သင်္ကြန်မှာ မဏ္ဍပ်ထိုင်ရတာကို အစ်မ သဘောကျတယ်။

သင်္ကြန်ဟာ ကိုယ့်မြန်မာတွေရဲ့ ရိုးရာပွဲတော် တစ်ခုဖြစ်တာကြောင့် သင်္ကြန်ကို ပျော်ပါတယ်။ သင်္ကြန်မှာ အသားအရေ မပျက်စီးပဲနဲ့ ခေတ်မီပြီး ဆန်းသစ်တဲ့ အဝတ်အစားမျိုး ဝတ်ဆင်ဖြစ်ပါတယ်။ သင်္ကြန်ပြီး ရင်တော့ အစ်မတရားရိပ်သာဝင်မယ်လို့ စိတ်ကူးထားပါတယ်။ သင်္ကြန်ကို ဆင်နွှဲကြမယ့် ပရိသတ်ကြီးအား လုံးပဲ နှစ်သစ်မှာလူသစ်၊ စိတ်သစ်နဲ့ ပျော်ရွှင်ဖြတ်သန်းနိုင်ပါစေ’လို့ သူမက ဆုတောင်းပေးလိုက်ပါတယ်။

စန္ဒီ | Trend Myanmar

မှတ်ချက်များ