![]() |
သူမဟာ NGO အဖွဲ့တခုဖြစ်တဲ့(Tenaganita) အဖွဲ့ကို ဦးဆောင်တည်ထောင်ခဲ့သူ တယောက်ပါပဲမဟာသီ ယာ လက်ထက်တုန်းက ကန့်ထဲက တရားမဝင်လုပ် သားတွေအကြောင်းကိုစာအုပ်ထုတ်ဝေပြီး အစိုးရကိုဝေ ဖန်ခဲ့ လို့ ပုံနှိပ်ဥပဒေနဲ့ တရားစွဲခံခဲ့ရပါတယ်။
ထောင်၆နှစ်ကျခံခဲ့ရတာကို တနှစ်လောက်မှာ ပြန်လွတ်လာပီး နှစ်ရှည်တရားရင်ဆိုင်ခဲ့ရမှာ နောက်ဆုံး တော့ အနိုင်ရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာသူမရဲ့လှုပ်ရှားမှုတွေပိုပီးထိရောက်အောင်မြင်ခဲ့ပါတယ်။
မလေးရှားရွေးကောက်ပွဲ တရားမျှမှုရှိဖို့လှုပ်ရှားတဲ့ Bersih တို့၊ ISA လို့ခေါ်တဲ့ internal securityactကိုဖျက် သိမ်း ဖို့ လှုပ်ရှားမှုများနဲ့ ရွှေ့ပြောင်းလုပ်သားတွေ (အများစု မြန်မာလူမျိုးတွေ)ကို UNHCR နဲ့ ပူးပေါင်းပီး မလေးရှားမှာ တရားဝင်နေထိုင်ခွင့်ရအောင်ကြိုးပမ်းပေးနေခဲ့တဲ့ ခေါင်းဆောင်ကောင်းတယောက် ဖြစ်ပါ တယ်။
မလေးရှား လဝက ကတရားမဝင် မြန်မာအလုပ်သမားတွေကို ဖမ်းဆီးထောင်ချ၊ ပြီးယင်တဖက်ထိုင်းနိုင်ငံ နယ်စပ်မှာ သွားပီး လူကုန်ကူးတဲ့လူမိုက်ဂိုဏ်းတွေကို ရောင်းစားနေခဲ့တာတွေကို ဖော်ထုတ်တိုက်ပွဲဝင်ခဲ့တဲ့ ထဲမှာသူမဟာ အဓိက ခေါင်းဆောင်တယောက်ဖြစ်ခဲ့ပါတယ်။
အဲဒါကြောင့်လဲ အခုဆိုယင်တရားမဝင်မြန်မာလုပ်သားတွေ အဲလိုအဖြစ်ဆိုးမျိုးကို မကြုံတွေ့ရတော့တာ
၅နှစ်ကျော်ရှိခဲ့ပါပြီ။သူမကွယ်လွန်သွားခြင်းဟာ မလေးရှားနိုင်ငံသာမက ကျနော်တို့နိုင်ငံက ဒုက္ခသည်၊
တရားမဝင် နေထိုင်နေကြတဲ့ အလုပ်သမားတွေအတွက်ပါ ကြီးစွာသော ဆုံးရှုံးမှုတရပ်ဖြစ်ပါ တယ်။ IreneFernandez ကောင်းရာသုဂတိရောက်ပါစေ...
Nainai Tun | Khin Nyein Chan

မှတ်ချက်များ