တန်ဖိုးနည်း ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များ ကိုမိုဘိုင်းဖုန်းဆိုင်များမှ ပြန်လည်ဝယ်ယူခြင်း မရှိတော့ဘဲ ၀ယ်ယူသည့်ဆိုင်များမှာလည်း ယခင်မှောင်ခို ပေါက်ဈေးများထက် ဈေးနှုန်းထက်ဝက်လျှော့ချဝယ်ယူကြောင်း မိုဘိုင်းဖုန်းဆိုင်များမှ သတင်းရရှိသည်။
‘‘ရပ်ကွက်ထဲမှာ မဲပေါက် တော့ CDMA လည်းဖြစ်နေတော့ ပြန်ရောင်းမယ်ဆိုပြီး ဆိုင်တွေမေး တာ တချို့တွေက ပြန်မ၀ယ်ကြ တော့ဘူး။ နှစ်ဆိုင်၊ သုံးဆိုင်မေး ကြည့်တာ မ၀ယ်တော့ဘူးတဲ့။ တ ချို့ဆိုင်ကတော့လည်း အရမ်း ဈေးနှိမ်ဝယ်တယ်’’ဟု သာကေတ မြို့နယ်တွင် နေထိုင်သူ ဒေါ်ရင် ရင်ကပြောသည်။
ကျပ် ၁၅၀၀ တန်ဆင်းမ်ကတ်များကို စတင်ရောင်းချခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီမှ စတင်၍ မှောင်ခိုဈေးဖြင့် ရောင်းချမှုများရှိခဲ့ရာ MEC အမှတ်တံဆိပ် CDMA 800 MHz ဆင်းမ်ကတ်များကို ကျပ်ခုနစ်သောင်းဝန်းကျင်ဖြင့် မိုဘိုင်းဖုန်းဆိုင်များနှင့် သုံးစွဲလိုသူများက ၀ယ်ယူမှုရှိခဲ့ပြီး GSM နှင့် WCDMA များကို ကျပ်တစ်သိန်းဝန်းကျင်ဖြင့် ၀ယ်ယူခဲ့ကြသည်။
လက်ရှိတွင် အဆိုပါကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များကိုပြန်လည် ၀ယ်ယူသူများရှိသော်လည်း MEC CDMA များကို ကျပ်နှစ်သောင်းခွဲဝန်းကျင်ဖြင့် မိုဘိုင်းဖုန်းဆိုင်များကပြန်လည်ဝယ်ယူနေပြီး GSMနှင့် WCDMA ဆင်းမ်ကတ်များကို ကျပ်ကိုးသောင်းဝန်းကျင်ဖြင့် ပြန်လည်ဝယ်ယူမှုများလည်းရှိကြောင်း John မိုဘိုင်းဖုန်းဆိုင်မှ ကိုတင်ဝင်းလှိုင်ကပြောကြားသည်။
‘‘အရင်လောက်တော့ ဈေးမရတော့ပေမယ့် ရောင်းတဲ့သူတွေလည်းရှိတယ်။ ၀ယ်တဲ့သူတွေလည်းရှိတယ်။ အခု ရပ်ကွက်ထဲမှာ က GSM တွေချမပေးတော့လို့ အဲ ဒီဖုန်းတွေကျတော့ ဈေးက ကိုးသောင်း၊ ကိုးသောင်းခွဲလောက်ရတယ်။ CDMA ဖုန်းတွေကတော့ ဈေးသိပ်မရတော့ပေမယ့် နယ်က လူတွေကတော့ လာဝယ်ကြတယ်’’ ဟု ကိုတင်ဝင်းလှိုင်ကပြောသည်။
ထို့အပြင်မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ပင်စင်စားများကို လည်း သီးသန့်ခွဲတမ်းဖြင့် ရောင်း ချပေးနေရာ ပင်စင်စားများမှ ၎င်းတို့ ရရှိသည့် ကျပ် ၁၅၀၀ တန် WCDMA များကို ပြန်လည် ရောင်းချနေမှုများ ရှိနေကြောင်း မိုဘိုင်းဖုန်းဆိုင်များမှ စုံစမ်းသိရ သည်။
ဆက်သွယ်ရေး အော်ပရေ တာလုပ်ငန်းလုပ်ကိုင်ခွင့် ရထား သည့် ကုမ္ပဏီများမှလည်း မို ဘိုင်း ဆင်းမ်ကတ် များကို လိုသလောက် ရောင်းချပေးတော့မည်ဖြစ်သော ကြောင့် လက်ရှိ မိုဘိုင်းဖုန်းမဲ ပေါက်ထားသူများက ရသည့်ဈေး ဖြင့်သာ မိုဘိုင်းဖုန်းဆိုင်များတွင် လာရောက်ရောင်းချနေခြင်းဖြစ် သည်ဟု John မိုဘိုင်းဖုန်း ဆိုင်မှ ကိုတင်ဝင်းလှိုင်ကပြောသည်။
7days

မှတ်ချက်များ