မန္တလးမှာ မိုးခေါင်လို့ လွန်ဆွဲပွဲ ကျင်းပ

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အပူချိန်များပြီး မိုးမရွာတဲ့အတွက်မိုးခေါ်လွန်ဆွဲပွဲကို မန္တလေးမြို့  ကမ်းနားလမ်း မရမ်းခြံဆိပ်ကမ်းတာရိုးပေါ်မှာ ဧပြီ ၂၁ရက် ဒီနေ့ ညနေ ၄ နာရီက ပြုလုပ်သွားပါတယ်။

အမျိုးသားနဲ့ အမျိုးသမီး တစ်ဖက်စီဆွဲကြတာဖြစ်ပြီး ဒီနေ့ ၄ ပွဲမှာ တစ်ဖက်၂ ပွဲစီ သရေကျခဲ့ပါ တယ်။ လွန်ဆွဲသူက တစ်ဖက်ကို လူနှစ်ရာလောက်စီ ရှိပြီး
လူ တစ်ထောင်လောက်လာကြတယ်လို့ လာ အားပေးသူ တစ်ယောက်က ပြောပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းက နယ်တွေမှာ မိုးခေါင်တဲ့ နှစ်တွေဆိုရင်လွန်ဆွဲပြီးမိုးခေါ်ကြတာဟာ ရိုးရာ ဓလေ့တစ်ခုဖြစ်ပါတယ်။ ဒီနှစ်မှာတော့မန္တလေးမှာ မိုးမ ရွာသေးပဲ အပူချိန်ကလည်း တအားများတယ် လို့ ဒေသခံကိုဇင်မောင်မောင်က ပြောပါတယ်။ လွန်ဆွဲပွဲတွေ ကို မနက်ဖြန် နဲ့ သန်ဘက်ခါမှာလည်းဆက်လက်ကျင်းပဖို့ရှိနေပါတယ်။

DVB TV News





ဓာတ်ပုံ-ဇင်မောင်မောင်

မှတ်ချက်များ