နိုင်ငံရဲ့Trademark ဖြစ်တဲ့ ဘဝတီအတွက် အများဆန္ဒအတိုင်း ဈာပနကို ကျင်းပမည်

ကွယ်လွန်သူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ဆန္ဒအတိုင်း နေ့ချင်းပြီး သဂြိုဟ်လိုပေ မယ့် ဆရာကြီးဟာ မြန်မာပြည်ရဲ့ Trademark ဖြစ်နေ တာကြောင့် ပါတီက တာဝန်ရှိ သူတွေ၊ နိုင်ငံရေးနဲ့ သတင်းမီဒီယာလောကသားေ တွရဲ့ တောင်းဆိုမှုအတိုင်း ဧပြီ ၂၃ရက်နေ့မှာ ဈာပ နကို ကျင်းပတော့မှာပါ။

အုတ်ဂူသွင်းဖို့ မြေနေရာ စီစဉ်မှုကအစ ဈာပနတစ်ခုလုံးကို နာရေးကူညီမှုအသင်း (ရန်ကုန်)က တာဝန်ယူသွား မှာဖြစ်ပြီး ဦးဝင်းတင်လို သံမဏိစိတ်ဓာတ်နဲ့ ခံယူချက်တွေကို ကျန်တဲ့ပြည်သူတွေက မှတ်ယူပြီး နိုင်ငံနဲ့ ပြည်သူအတွက် လုပ်ဆောင်ကြပါလို့ ဦးကျော်သူက ဆိုပါတယ်။

ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ Internal Multi-Organism Failure ဒဏ်တွေကြောင့် ဧပြီ ၂၁ရက်နေ့ မနက် ၆နာရီခွဲမှာ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၄နှစ်ရှိပြီဖြစ်တဲ့ ဆရာကြီးရဲ့ ရုပ်အလောင်းကို ရေဝေးသုဿာန်ကို သယ်ဆောင်ခဲ့ပါတယ်။

စစ်အစိုးရလက်ထက် ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ဒဏ်တွေနဲ့ အသက်အရွယ် ကြီးရင့်တဲ့ဒဏ်တွေကို စုပေါင်းပြီးခံခဲ့ရတာကြောင့် အခုလို ဆုံးပါးခဲ့ရတာဖြစ်တယ်လို့ မိသားစုဝင်တစ်ယောက်က ဆိုပါတယ်။ ဒါပေမယ့် ဆေးရုံတက်ချိန်ကနေ ကွယ်လွန်ချိန်အထိ ဆရာဝန်ကြီးတွေ၊ ကြည့်ရှုအားပေးခဲ့ကြသူတွေကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

NLD ပါတီရဲ့ သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်ရဲ့ဈာပနကို သူရဦးတင်ဦးက ဦးစီးပြီး ကျင်းပမှာဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ထားပြီး အလံတိုင်တစ်ဝက်ကို လွှင့်ထူထားဖို့လည်း ညွှန်ကြားထားပါတယ်။ ဧပြီ ၂၃ရက်နေ့ နေ့လည် ၁၂နာရီကနေ ၅နာရီအထိ အများပြည်သူ ဂါရဝပြုနိုင်ဖို့စီစဉ်ထားပြီး ညနေ ၅နာရီမှာ ဂူသွင်းမယ်လို့ ဆိုပါတယ်။(ရုပ်/သံကြည့်ရန်)

kamayutmedia


မှတ်ချက်များ