ကေအိုင်အေမှ စစ်သားစုဆောင်းသည်ဆိုပြီး အမျိုးသမီး တစ်ဦးကို လိမ်ခေါ်မုဒိမ်းကျင့်

ကေအိုင်အေမှ စစ်သားစုဆောင်းသည် ဟုဆိုကာ ၀ိုင်းမော်မြို့နယ် အောင်မြေ(၁) ကျေးရွာရှိ အိမ်တွင် အိပ်နေသော အမျိုးသမီးကို လယ်ကွင်ထဲ သို့ ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့သည့် လူင ယ်လေး ဦးထဲမှ နှစ်ဦးကို ဖမ်းဆီးရမိပြီဖြစ်ပြီး၊ ကျန်နှစ်ဦးကို ဖမ်းဆီးရမိရန် ဆက်လက်ကြိုး စားနေ ဆဲဖြစ်ကြောင်း ၀ိုင်းမော်မြို့နယ်ရဲစခန်းမှ သတင်း ရရှိသည်။

မတ်လ ၁၉ ရက် ည ၈ နာရီခွဲခန့်တွင် အမျိုးသမီးတစ်ဦးသည် ၎င်း၏ ညီမ၊ ဖခင်နှင့်အတူ အိပ်နေစဉ် အမျိုးသားလေးဦး ရောက်လာကာကချင်ဘာသာစကားဖြင့် အဘွားဟုခေါ်သဖြင့် ဖခင်မှာအိမ် မှ ထွက်ပြီးစ ကားပြောခဲ့ကြောင်း ဖခင်ဖြစ်သူက ဆိုသည်။

ထိုသို့ ဖခင်အိမ်မှ ထွက်လာ စဉ် ထိုလေးဦးက ၎င်းတို့သည် ကေအိုင်အေဖြစ်ကြောင်းနှင့် သမီးနှစ်ဦးရှိသည့် အနက်တစ်ဦး ထည့်ပေးရန် ပြောဆိုခဲ့ပြီး ဖခင်ကလည်း သမီးကို ထည့်ပေးလိုက်သည်ဟု ဆိုသည်။

ထိုသို့ ထည့်ပေးလိုက်ပြီး နောက် အမျိုးသမီးကို လယ် ကွင်းသို့ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် ပြုကျင့် ပြီးနောက် နံနက် ၂ နာရီခန့်တွင် အိမ်သို့ ပြန်လိုက်ပို့ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတို့ လေးဦးကို ဖမ်းဆီး အရေးယူပေးရန် ဖခင်ဖြစ်သူကမတ်လ ၃၁ ရက်တွင် ရဲစခန်းတွင် မုဒိမ်းမှုဖြင့် အမှုဖွင့်ခဲ့သည်။

ထိုအောင်မြေသစ်ကျေးရွာ တွင် ၂၀၁၂ ခုနှစ်တွင်လည်း စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးအား သားမယား အဖြစ် ပြုကျင့်ပြီး သတ်ထားသည့်အမှု ဖြစ်ခဲ့ဖူးသည်။

တရားခံဟု သံသယရှိသူ အသက်(၂၀)အရွယ်အမျိုးသားများကိုဧပြီလ ၆ ရက်တွင် ၀ိုင်းမော်မြို့နယ်ရပ်ကွက် ၃ ရှိ နေအိမ်မှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၀ိုင်း မော်မြို့နယ်ရဲစခန်းမှ စစ်ချက် အရ သတင်းရရှိသည်။

တရားခံဟု သံသယရှိသော ကျန်နှစ်ဦးသည် ထွက်ပြေးတိမ်း ရှောင်နေဆဲဖြစ်ပြီး ၎င်းတို့နှစ်ဦး ဖမ်းဆီးရ မိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မရန် | 7Day Daily

မှတ်ချက်များ