ဟံသာဝတီဦးဝင်းတင်ရဲ့ အမှာစကားနဲ့ ပတ်သတ်ပြီး နယကအဖွဲ့ဝင် ဦးတင်ဦး ရဲ့ပြောစကား

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နယကအဖွဲ့ဝင် သတင်းစာဆရာကြီးဦးဝင်းတင် ကွယ်လွန်ခြင်း အတွက် ယုဒသန် ဘုရားကျောင်းမှာ ၃ရက်တိုင်တိုင် ကျင်းပ မယ့် အောင့် မေ့ဖွယ် အခမ်းအနား ကို ယနေ့ နေ့လည် ၂နာရီခန့် က နယက အဖွဲ့ ဝင်တစ်ဦးဖြစ် တဲ့ ဦးတင်ဦး ရောက်ရှိလာပါတယ်။ ဦးတင်ဦးက ဟံ သာဝတီဦးဝင်းတင် ရဲ့ အမှာစကားနဲ့ပတ်သတ်ပြီး "သူသေလို့ ရှိရင် မြန်မြန် သဂြိုလ်ပေးပါ။အ ကောင် အထည် ဖော်ဖို့ ကြိုးစားတာပဲ။ သူ့ ရဲ့စိတ်ထားကဒီ ပြင့်လူကို ဒုက္ခမ ပေးချင်ဘူးဆိုတာမှန်တယ်။

သို့သော် ဒါနဲ့ပတ်သတ် လို့ အဖွဲ့စည်းကနည်းတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။အများကြီးရှိတယ်။ အန်အယ်ဒီ ရှိတယ်။ အနုပညာလောက ရှိတယ်။သတင်းစာ လောကရှိတယ်။ နိုင်ငံ ရေးအကျဉ်းသားလောက ရှိတယ်။ ဒါတွေနဲ့ပတ်သတ် လို့ပစ်ထားလို့မ ရဘူးလေ။ သူတို့ဒီခေါင်းဆောင်ကို တွေ့ချင်တယ်။ 

နောက်ဆုံးနူတ်ဆက်ချင် မယ်။အလေးပြုချင်မှာပဲ။ဆုံးသွားတဲ့အချိန် နဲ့ပြောတဲ့ဆိုတဲ့အချိန် တွေက နေဝက် ကျော်သွားတော့ ဘယ်လို လုပ်မလဲ။ အဖက်ဖက်က ဆင်ခြင်ပြီးတော့ အ ကောင်း ဆုံး ညှိနိုင်းပြီးတော့ ကျန်ရစ်တဲ့မိသား စုတွေ ရော ငါတို့ အဖွဲ့မှာပါတဲ့ ငါတို့ ရော ၈၈ ပွင့်လင်းအဖွဲ့အစည်းရော အားလုံးညှိနိုင်းပြီး တော့ သူတို့ လုပ်ကိုင် ပေးတဲ့မိသားစုက တော့ဆက်ပြီးတော့ စောင့်ရှောက်မယ်။ 

ပြီးတဲ့အချိန် ကျတော့ နိုင်ငံရေးအဖွဲ့အစည်း အန်အယ်ဒီ ဖြစ်တဲ့အတွက် အန်အယ်ဒီကတော့ပြေလည်အောင် လုပ်ရမှာပဲ။ သူမှာခဲ့တာက တော့ဒါပဲ။ဒါကတော့ သူ့ကို လေးစားတဲ့ အနေ နဲ့သူ့ရဲ့စိတ် ဓာတ် စေတနာအရင်း ခံ အားဖြင့် မှန်တယ်။ ဒုက္ခလို့ မမှတ်ယူပဲနဲ့ ဒါ လေးကို သူ့အတွက် နောက် ဆုံးဂါရဝပြု လိုက် ရတယ်လို့ မှတ် ယူပြီးတော့ လုပ်မယ် လို့ တာဝန်ရှိတယ်။ အဲဒီတာဝန်ကို အခုက အောင်မြင် အောင်ကြိုးစားပြီး ရှိတဲ့သူနဲ့ ဝိုင်းဝန်းလုပ် ပေးမယ်။ဒါပဲ။အခုလူ တွေ က ကြားထဲမှာထိုးချင်တာက မှာတဲ့အတိုင်း မလုပ် လို့  ဘာဖြစ်တယ်။

အဲဒီလို လုပ် လို့ မရဘူး။ သူ့ စေတနာအတိုင်း အမှန်အတိုင်း ဒုက္ခမ ပေးဘူးဆိုတာ မှန်တယ်။ဒီလို လုပ်ရတာ နဲ့ပတ်သတ်ပြီး တော့ ကိုယ့်အချင်းချင်း ဂုဏ်ယူစွာနဲ့ လုပ်တယ်ပဲထားပြီးလုပ်ပါ။ ဒါကို အခက် အခဲလို့ မ အောင့် မေ့ဘူး။သူ ပြော တာ ကို မလိုက်နာဘူးလို့ မမှတ်ယူဘူး။ တာဝန်ရှိတဲ့ပုဂ္ဂိုလ်က တာဝန်ရှိတဲ့ အတိုင်း သူ့ ကိုနောက်ဆုံးဂုဏ်ပြုတာ လို့  အောင့်မေ့တယ်" လို့ ပြောပါတယ်။

နန်းလွင်။ ချောစုလိုင် | Kumudra

မှတ်ချက်များ