မြဝတီမြို့နယ်တွင် အလှူမှကြွေးသော သင်္ကြန်ထမင်းစားပြီး လူ ၁၆၅ ဦး အစာအဆိပ်သင့်

ရန်ကုန်− မြဝတီမြို့နယ် ပေါလော ကျေးရွာဘုန်း ကြီးကျောင်းအလှူတွင် ဧပြီ ၁၉ ရက်က ဒေသအခေါ် သင်္ကြန်ထမင်းစားမိရာမှ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၆၅ ဦး အစာအဆိပ်သင့်ခဲ့ပြီး အများစုမှာ သက်သာလာသော်လည်း ၆၇ဦးမှာ ဆေးကုသနေ ရဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ဧပြီ ၁၉ ရက် ညနေက အစာအဆိပ်သင့်ခဲ့ခြင်း ဖြစ်သည်။ထိုနေ့ နံနက်စာနှင့်အတူ အစောပိုင်း ကတည်းက ချက်ထားသော ထမင်းများကို ညနေ အလှူတွင်စားမိရာမှ အလှူလာသူများ အစာအဆိပ်သင့်ကာ မြဝတီဆေးရုံနှင့် ဒေသတွင်း ကျေး ရွာဆေးေ ပးခန်းများသို့ အလျင် အမြန်ပို့၍ ကုသခဲ့ရကြောင်း မြဝတီနာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးလှ ထွန်းကပြော သည်။

‘‘သင်္ကြန်ထမင်းက အချဉ်နဲ့ ချက်ထားတဲ့အပြင် နေကလည်း အရမ်းပြင်းတော့ ညနေမှာအချဉ် ဖောက်ပြီး အဆိပ်သင့်တာလို့ ဆရာဝန်ကြီးက ပြောပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ သူမရှိတော့ပါဘူး’’ဟု ဦးလှထွန်း က ပြောသည်။

အစာအဆိပ်သင့်သူများထဲ တွင် ကလေးငယ်နှင့် သက်ကြီး ရွယ်အိုများလည်းပါဝင်ပြီး စိုးရိမ် ရသည့်လူနာ ၄၃ ဦးမှာ မြဝတီ ဆေးရုံတွင် ကုသနေပြီး သင်္ကန်း ညီနောင်ကျေးရွာ ကျေးလက် ဆေးပေးခန်းတွင် ၂၄ ဦး ကုသနေရဆဲဖြစ်ကြောင်း သတင်းရရှိ သည်။

မြဝတီအပါအဝင် ကရင် ပြည်နယ်မြို့နယ်အများစုတွင် ဧပြီ ၁၉ ရက်က နေ့အပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်မှ ၃၉ ဒီဂရီစင် တီဂရိတ်အထိရှိခဲ့ပြီး ခရမ်းလွန် ရောင်ခြည်လည်း ညွှန်းကိန်း ၁၃ အထက်ရှိခဲ့သည်။ ယခုရက်ပိုင်း တွင် ဒေသအနှံ့ အပူချိန်မြင့်တက် နေသောကြောင့် သက်ကြီးရွယ်အို များ၊ ကလေးငယ်များနှင့် ကိုယ်ခံ အားနည်းသည့် နာတာရှည်ရောဂါ ဝေဒနာရှင်များ အပူရှိန်ကြောင့် အားနည်းခြင်း၊ ဖျားနာခြင်းများ ဖြစ်တတ်၍ အစားအသောက်မှစတင်ကာ လူနေမှုပုံစံကိုပါ ယခင်ထက် ဂရုတစိုက် နေထိုင်သင့်ကြောင်း အထွေထွေ ရောဂါကု ဆရာဝန်ကြီး ဒေါက်တာ တင့်ဆွေက အကြံပြုသည်။

7 day Daily

မှတ်ချက်များ