မင်္ဂလာဝတ်စုံ သပ်ရပ်စွာ ၀တ်ဆင်ထားတဲ့ Mohamad Norizuan Shazali နဲ့ စေ့စပ်ထား သူတို့ မွတ်စလင်ထုံးစံနဲ့ လက်ထပ်ထိမ်းမြားဖို့ တရားရုံးကို ရောက်ရှိလာကြပါတယ်။
The Straits Times သတင်းအရ အသက် ၂၆နှစ်အရွယ် သတို့သားလောင်းနဲ့ အသက် ၁၈နှစ်ရှိသူ သတို့သမီးတို့နှစ်ဦးဟာ တရားရုံးမှာ လက်မှတ်ထိုးပြီး မင်္ဂလာဓါတ်ပုံရိုက်ကာ ဖိတ်ကြားထားတဲ့ ဧည့်သည် ၅၀၀ကို မင်္ဂလာညစာ တည်ခင်းဖို့ ရည်ရွယ်ထားခဲ့ပါတယ်။
အသက် ၁၀နှစ်အရွယ် သမီးလေးတစ်ဦး ရှိတဲ့ သူတို့ စုံတွဲဟာ HDB တိုက်ခန်းဝယ်ဖို့အတွက်လည်း အစီအစဉ် လုပ်ပြီးသားလို့ သတင်းများအရ သိရပါတယ်။
ဒါပေမယ့်လည်း မမျှော်လင့်ထားတဲ့ အဖြစ်အပျက် တရားရုံးမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါကတော့ သတို့သားလောင်းဟာ အရင်က လက်ထပ်ထိမ်းမြားဖူးခြင်း မရှိကြောင်း ကြေငြာခဲ့ပေမယ့် တရားရုံးကတော့ သတို့သားရဲ့ စီစစ်ရေးနံပါတ်၊ နာမည်အရ သူဟာ ၂၀၁၂ခုနှစ်မှာ အိန္ဒိယနိုင်ငံသူတစ်ဦးနဲ့ လက်ထပ်ထိမ်းမြားဖူးကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒါဟာ လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့တဲ့ သတို့သမီးနဲ့ မိဘ၊ အသိုင်းအ၀ိုင်း အသိမိတ်ဆွေတွေ အတွက် ထိတ်လန့်စရာ သတင်းဖြစ်ပါတယ်။
ဒါပေမယ့် သတို့သားကတော့ ယင်းကဲ့သို့ လက်ထပ်ခဲ့သူဟာ သူမဟုတ်ကြောင်း ရဲတွေ ကို ပြောဆိုခဲ့ ပါတယ်။ အဆိုပါ လက်မှတ်ရေးထိုးခြင်း မတိုင်ခင် နှစ်လလောက်က သူ့ရဲ့ စီစစ်ရေး ကဒ် ပျောက်ဆုံးခဲ့ ဖူးကြောင်း နဲ့ သူ့ကဒ်ကို တစ်စုံတစ်ဦးက ခိုးယူ တာ ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ ပါတယ်။ သို့သော်လည်း ကဒ်ပျောက်ဆုံးစဉ်က ရဲကို အကြောင်းကြားခြင်း မရျိခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
(စင်ကာပူနိုင်ငံတွင် မိမိလက်ဝယ်ကိုင်ထားသော စိစစ်ရေးကဒ် ပျောက်ဆုံးခဲ့ပါ ရဲစခန်းသို့ မဖြစ်မနေ အကြောင်းကြားရပါသည်။)
“သူက ငါသာတစ်ယောက်ယောက်နဲ့ လက်ထပ်ပြီးသားမှန်း သိရင် ဘယ်သူက ငါအခုလို အချိန်ကုန်ခံ ငွေကုန်ခံပြီး လက်ထပ်တာကို လက်ခံမှာလဲလို့” ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် သူဟာ ငွေပြတ်လပ်စဉ်မှာ လက်ထပ်ဖို့အတွက် စင်ကာပူဒေါ်လာ ၁၇၀၀ ကို လက်ခံခဲ့ကြောင်း တွေ့ခဲ့ပါတယ်။
သို့သော်လည်း မနေ့ကတော့ သူကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ၀န်ခံခဲ့ပြီး ထောင်ဒဏ် ၈ပတ်ကျခံရ မှာ ဖြစ်ပါ တယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ သောကြာနေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ဘတ်စ်ကားကို ထိုးကြိတ်မှု၊ လိမ်ညာ မှုတွေအ တွက်လည်း ပြစ်ဒဏ် အသီးသီး ကျခံရမှာ ဖြစ်ပါတယ်။
တရားရုံးမှာတော့ သူက ကျွန်တော်နဲ့ စေ့စပ်ထားသူ (သတို့သမီးလောင်း)မှာ နောက်ထပ် ကိုယ်ဝန်ရှိနေ ပြီး သူတို့မှာ ၁၀နှစ်အရွယ် သမီးတစ်ယောက်လည်း ရှိတာကြောင့် သူလုပ်ခဲ့သမျှအ တွက် နောင်တရ ပြီ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ သူ့မိသားစုကတော့ သတင်းထောက်တွေနဲ့ စကားပြော ဆိုဖို့ င်ြင်းဆိုခဲ့ ပါတယ်။
Norizuan တစ်ယောက် ဘတ်စ်ကားမှန်ကို ခွဲခဲ့တဲ့အတွက် လျော်ကြေးအနေနဲ့ စင်ကာပူ ဒေါ်လာ ၂၁၂၈.၃၃ ကို SBS Transit အားပေးလျှော်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လိမ်ညာမှုအတွက် ထောင် ၆လ နဲ့ လျော်ကြေး စင်ကာပူဒေါ်လာ ၁၀၀၀ ပေးရမှာ ဖြစ်ပါတယ်။ စုစုပေါင်းအနေနဲ့ ထောင်ဒဏ် ၂နှစ်ကျော်ကျခံ ရပြီး အထွေထွေ ထိခိုက်နစ်နာမှုအတွက် ဒေါ်လာ ၅၀၀ နဲ့ အထက် ပေးဆောင်ရလိမ့်မယ်လို့ သိရပါတယ်။
World Myanmar

မှတ်ချက်များ