Facebook ဟာ အခုနောက်ပိုင်း တဖြေးဖြေးနဲ့ စီးပွါးရေး အရမ်းဆန်လာပါပြီ။ အရင်ကတော့ အသုံးပြုသူများအားလုံးကို အလကားအခမဲ့ ပေးသုံးထားပြီး သူတို့သုံးသမျှကိုလည်း အားလုံး မြင်အောင်၊ အားလုံးကို သွားပေါ်နေအောင် လုပ်ပေးခဲ့ပါတယ်။
အခုနောက်ပိုင်းမှာတော့ News Feed မှာ သွားပေါ်ပေးတဲ့ ရာခိုင်နှုန်းကို တဖြေးဖြေးနဲ့ လျှော့ချလာလိုက်တာ ပြီးခဲ့ပတ်အထိ Page တစ်ခုကနေ တင်ပေးလိုက်တဲ့ ပို့စ်တစ်ခုကို ၁၇ ရာခိုင်နှုန်းအထိသာ ပေးခဲ့ပါတယ်။ ဆိုလိုတာက လူပေါင်း ၁၀၀၀ ရှိနေတဲ့ Page ဆိုရင် ၁၇၀ ကိုသာ အလိုလို သွားပေါ်အောင် လုပ်ပေးတယ်။ အဲဒီကနေ စိတ်ဝင်စားစရာကောင်းတဲ့ ပို့စ်ဖြစ်နေရင် လူတွေကနေ အဆင့်ဆင့် ပြန် Share ပေးကြမှသာ အဲဒီထက် ပိုမြင်သွားကြပါတယ်။ Page တစ်ခုတည်းတင် မကပဲ အကောင့်တွေကိုလည်း ဒီလိုပဲ ရာခိုင်နှုန်းတွေ လျှော့ချလာခဲ့ပါတယ်။
ဟော အခုဆို ပိုဆိုးလာပါပြီ။ မနေ့က နိုင်ငံခြားသတင်းအများစုတွေကနေ အသံတွေကြားလာရပါတယ်။ အဲဒါကတော့ အလကားသုံးနေတဲ့ အကောင့်တွေကို ၁ ရာခိုင်နှုန်းပဲ ပေးပြီးပေါ်အောင်လုပ်ပေးနိုင်တော့မယ်တဲ့။ ဒီထက် ပိုမြင်စေချင်ရင် Promote လုပ်ပြီး ပိုက်ဆံထည့်ပေးရမယ်တဲ့။ Page များကိုလည်း 5% အထိသာ အလကားပေးတော့မယ်တဲ့။
အဲဒီသတင်းက အမှန်အကန်ပါပဲ။ ဒီနေ့ တင်ခဲ့တဲ့ ပို့စ်တွေအားလုံးဟာ ခါတိုင်း လူပေါင်း ထောင်ချီကြည့်နေတဲ့ အကောင်းစားပို့စ်နေပေမယ့် ဒီနေ့မှာတော့ ၂၀၀ နဲ့ ၃၀၀ ဂဏန်းလောက်သာ မြင်ခဲ့ကြပါတယ်။ အဲဒါ Facebook က စပြီးလျှော့ချလိုက်တာပါပဲ။ Page အက်ဒမင်လုပ်နေသူများအားလုံး သတိထားမိကြပါတယ်။
Facebook ဟာ လူတွေအားလုံးရဲ့ သည်းခြေခိုက် ဖြစ်လာတာနဲ့အညီ စီးပွါးရေးသများတွေ၊ အနုပညာရှင်တွေ၊ နိုင်ငံရေးသမား၊ ဘာသာရေးသမားအားလုံးတို့ကလည်း Facebook ကနေ ဟောပြောစည်းရုံးကြတယ်။ နာမည်ကြီးအောင်လုပ်ကြတယ်။ ဈေးရောင်းကြတယ်။ ငွေရှာကြတယ်။ ဒါကို Facebook က သတိထားမိတာ ကြာပါပြီ။ လူတွေ မျှားခေါ်နေတာပါ။
အခုတော့ ငွေထည့်ပြီး Promote လုပ်မှ အကုန်လုံးဆီကို မြင်အောင် သွားဖော်ပြပေးမယ်ဆိုတာ ဖြစ်လာပါပြီ။ စီးပွါးရေးဆန်လာတယ်လို့ ဆိုရတော့မယ်။ စီးပွါးရေးသမားများအတွက်ကတော့ အကျိုးစီးပွါးဖြစ်ထွန်းလို့ ငွေပေးပြဲီး ရင်းနှီးရကျိုးနပ်ပေမယ့် အပျော်တမ်းအတွက် Page ထောင်ထားသူများအဖို့ကတော့ ပိုပြီး မလွယ်ကူတော့ပါဘူး။ Like များများတက်ဖို့၊ လူများများသိလာဖို့ဆိုတာ အချိန်အများကြီးပေးရတော့မှာပါ။ အလကားရတိုင်း Page တွေကို မနိုင်မနင်းနဲ့ အများကြီးဖွင့်နေတဲ့သူတွေ လျှော့ချတဲ့သဘောလို့တောင် ယူဆမိပါတယ်။
Myanmar Advertising Page

မှတ်ချက်များ