အသက် ၂၁ နှစ်အရွယ် သရုပ်ဆောင်၊အဆိုတော် မလေးဟာ အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် မိဘအုပ်ထိန်းမှုအောက်မှာ နေချင်ပုံမရတော့ပါဘူး။ ဒါအပြင့် Selena ဟာ သူမရဲ့ မန်နေဂျာရာထူးကို ပရော်ဖက်ရှင်နယ်တစ်ယောက်ဆီမှာ ပဲ အပ်နှင်းချင် တယ်လို့ ဝန်ခံပြောကြားခဲ့ပါသေးတယ်။
Selena Gomez ဟာ သူမရဲ့ မိဘနှစ်ပါးကို မန်နေဂျာရာထူးက ထုတ်ပယ်လိုက်ပြီလို့ သိရပါတယ်။ သူမရဲ့ အမေ Mandy Teefey နဲ့ ပထွေးဖြစ်သူ Brian Teefey တို့ ရဲ့ နေရာကို ပရော်ဖက်ရှင်နယ်မန်နေဂျာတစ်ယောက်နဲ့  အစားထိုးချင်နေတယ်လို့ သိရ ပါတယ်။
TMZ သတင်းဌာနရဲ့အဆိုအရ သူမရဲ့ နာမည်ကျော်သူငယ်ချင်းတွေလိုပဲ ပရော်ဖက်ရှင်နယ်မန်နေဂျာ တစ်ယောက် လိုချင်နေကြောင်းနဲ့  အရွယ်ရောက်လာပြီဖြစ်လို့  မိဘအရိပ်အောက်ကထွက် ဖို့ စဉ်းစားနေ တယ်လို့သိရပါတယ်။
ရည်းစားဟောင်း Justin Bieber နဲ့ ပတ်သတ်ပြီး မိဘနှစ်ပါးနဲ့ အငြင်းအခုံတွေ ဖြစ်ခဲ့ပေမယ့် အခုကိစ္စနဲ့  ဘာမှမဆိုင်ဘူးလို့  TMZ က တင်ပြထားပါတယ်။
သူတို့ မိသားစုသုံးယောက်ဟာ အတူနေအုန်းမယ်လို့ ဆိုပေမယ့် အမေဖြစ်သူ Mandy ကတော့ ဒီဆုံးဖြတ် ချက်နဲ့  ပတ်သတ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ပြောကြားခဲ့ပါတယ်။
Angel | Trend Myanmar

မှတ်ချက်များ