တရုတ်နိုင်ငံ ပေကျင်းမြို့တွင် လာမည့် ဧပြီလ ၁၆ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် (၄)ကြိမ်မြောက် ပေကျင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ၌ ချီးမြှင့်မည့် Tiantan ဆုပေးပွဲ အတွက် တရုတ် ရုပ်ရှင်ကား ၂ ကား ဆုလျာထားခံ ရကြောင်း ပွဲတော် ကျင်းပရေး ကော်မတီ မှ ထုတ်ပြန် ကြေညာ ခဲ့သော ဆုလျာထားရေး စာရင်းအရ သိရသည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကား ၂ ကားမှာ ဒါရိုက်တာ ဝေါင်ကာဝေ ရိုက်ကူးသည့် The Grandmaster ဇာတ်ကား နှင့် ဒါရိုက်တာ ပီတာချန် ရိုက်ကူးသည့် American Dreams in China ဇာတ်ကားတို့ ဖြစ်သည်။ Tiantan ဆုပေးပွဲတွင် ချီးမြှင့်မည့် အကောင်းဆုံး ရုပ်ရှင် ဇာတ်ကားဆု ၊ အကောင်းဆုံး ဒါရိုက်တာဆု ၊ အကောင်းဆုံး မင်းသားဆု ၊ အကောင်းဆုံး မင်းသမီးဆု ၊ အကောင်းဆုံး ဇာတ်ပို့ မင်းသားဆု ၊ အကောင်းဆုံး ဇာတ်ပို့ မင်းသမီးဆု ၊ အကောင်းဆုံး ဇာတ်ညွှန်းဆု တို့အတွက် ရုပ်ရှင် ဇာတ်ကား ၁၅ ကား လျာထားခံ ရကြောင်း သိရှိရသည်။

မှတ်ချက်များ