တက်တူးထိုးထားတဲ့ စားပွဲထိုးကို ဘာကြောင့်ဒေါ်လာ1000 ဘောက်ဆူးပေး

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်က ဘားဆိုင် စားပွဲထိုး Christina Summitt ဟာ ဆိုင်ကိုလာတဲ့ စုံတွဲတစ်တွဲနဲ့ စကားပြောဖြစ်ကြပါတယ်။ သူမ လက်ဖျံပေါ်က တက်တူးကို သတိပြုမိသွားပြီး ဒီစုံတွဲက သူ့တက်တူးအကြောင်း မေးတယ် လို့ဆိုပါတယ်။

သူ့ရဲ့သုံးနှစ်သား ခွေးလေး Tucker ရဲ့ ခြေရာကို သူထိုးထားတာဖြစ်ကြောင်းနဲ့ Tucker ရဲ့ဗိုက်ထဲဝင် သွားတဲ့ တင်းနစ်ဘောလုံးတစ်လုံးကို ဖယ်ရှားဖို့ မကြာသေးခင်ကမှ ဆေးရုံတင် ထားကြောင်းလည်း သူကပြောမိပါတယ်။အမှန်တော့ Summitt ဟာ အလုပ်၃ ခု လုပ်နေသူပါ။ ဒါပေမဲ့ မွေးစားထားတဲ့ကလေးက ၃ယောက်ရှိပါတယ်။

ဒီလိုလုပ်နေတာတောင်မှ Tuckerရဲ့ခွဲစိတ်စရိတ် ဒေါ်လာ၂၇၀၀ ကို မရတဲ့အတွက် ဖြစ်မယ်ဆိုရင် သူ့ကားကို ရောင်းချင်တယ်လို့ ဒီစုံတွဲကို သူကပြောမိပါတယ်။
ဒီစုံတွဲကတော့ ဘာမှမပြောပါဘူးတဲ့။ သူတို့သောက်ပြီးလို့ ကျသင့်စရိတ် ဒေါ်လာ ၈၀ ကို ရှင်းတဲ့အခါမှတော့ Summitt ကို အံ့အားသင့်သွားစေပါတော့တယ်။

Summitt အတွက် ဘောက်ဆူး ဒေါ်လာ ၁၀၀၀ ကို ဒီစုံတွဲက ထား ထားခဲ့ပါတယ်။
“ကျွန်မ ပြန်လိုက်သွားပြီး ဆရာ ကျွန်မ ဒါကို လက်မခံနိုင်ဘူး။ ဘာအတွက်လဲ၊ ဘာလို့ ဒီလိုလုပ်တာလဲလို့ ပြောလိုက်တာ” လို့ သူကဆိုပါတယ်။

Tucker ရဲ့ ဆေးကုသစရိတ်အတွက် သုံးဖို့ပါ လို့ ဒီစုံတွဲကပြောတဲ့အခါ
“ကျွန်မရှော့ခ်ဖြစ်ပြီး ရပ်နေမိတာ။ ကျွန်မလည်း ဒီစုံတွဲကို ပတ်ပြေးပြီး ဖတ်ထားမိတယ်။ သူတို့ ပြောတာကတော့ Tucker အတွက် ငါတို့ ဆုတောင်းနေပါ့ မယ်တဲ့”


ဖိုးသူတော်

မှတ်ချက်များ