မြန်မာ- အင်ဒို ကြိုတင် ဗီဇာ ယူစရာ မလိုတော့

မြန်မာနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံပြည်သူတွေဟာ တနိုင်ငံနဲ့တနိုင်ငံ သွားလာရာမှာ ကြိုတင်ပြည်ဝင်ခွင့် ဗီဇာ မလိုပဲ သွားလာနိုင်မယ့် သဘောတူညီချက် တခု မေလ ၁၀ ရက်နေ့က နေပြည်တော်မှာ လက် မှတ်ရေးထိုးခဲ့ကြပါတယ်။

ကျင်းပပြီးသွားပြီဖြစ်တဲ့ အာဆီယံ ထိပ်သီးညီလာခံ အစည်းအဝေး ကာလအတွင်း လက်မှတ်ထိုးခဲ့ကြ တာ ဖြစ်ပြီး လာမယ့် ဇွန်လ ၁၀ ရက်နေ့ စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။

အခုချိန်ထိ မြန်မာနိုင်ငံဟာ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံတွေနဲ့ ကြိုတင်ပြည်ဝင်ခွင့် ဗီဇာ မလိုပဲ အပြန်အလှန် သွားရောက်ခွင့် သဘောတူထားကြပြီး ထိုင်းနိုင်ငံနဲ့လည်း ဆွေးနွေးဖို့ ရှိနေပါ တယ်။

မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်း ခရီးစဉ်တွေမှာ အင်ဒိုနီးရှား ဘာလီကျွန်း ခရီးစဉ်ဟာလည်း တခုအပါအ ၀င် ဖြစ်ပြီး နောင် ကြိုတင်ဗီဇာ ယူဖို့ လိုတော့မှာ မဟုတ်ပါဘူး။

ဒီဗွီဘီ

မှတ်ချက်များ