ကချင်ရိုးရာ ကြက်ဥထောင်းလုပ်နည်းကို သိချင် လား။ အစားအသောက် ချက်ပြုတ်တာ ဝါသနာပါ သူတွေ၊ မိုးဦးရာသီမှာ မိသားစုနဲ့ နွေးနွေးထွေးထွေး ဝိုင်းဖွဲ့စားသောက်နိုင်မယ့် ကြက်ဥထောင်းလုပ်နည်း ကို Finger Food Garden ဆိုင်ဖွင့်ထားတဲ့ မဟယ် လင်ကိုယ်တိုင်က နည်းပေးလမ်းပြ လုပ်ပေးမှာပါ။
ကချင်ကြက်ဥထောင်းအတွက် ကြက်ဥနှစ်လုံး၊ ချင်း၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ ကချင်ဟင်းခတ်မှုန့်၊ ဆား၊ ဆီအနည်းငယ်နဲ့ သံပရာသီးတစ်လုံးတော့ လိုပါတယ်။ ကြက်ဥကို အနှစ်ကျက်အောင် မပြုတ်ဘဲ ခပ်ပျော့ပျော့အနေအထား ရအောင် ရေပွက်ပွက်ဆူအောင်တည်ပြီး ရှာလကာရည် ၃-၄စက်လောက် ထည့်ပြီး ပြုတ်ပါ တဲ့။ ရေအေးအေးထဲပြောင်းထည့်ပြီးမှာ အခွံခွာပါလို့ မဟယ်လင်က ဆိုပါတယ်။
ကြက်ဥအကာနဲ့အနှစ်ကို သက်သက်ဖယ်ပြီးရင် ဆုံထဲမှာ ချင်း၊ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ညက်ညက်လေး ထောင်ထားပြီးမှ နံနံပင်နဲ့ ဖက်ဖယ်ရွက်ကို ထည့်ထောင်းရမယ်လို့ ပြောပါတယ်။ ပြီးမှ ဆားနဲ့ ကြက်ဥအကာကို ထည့်၊ အရာသာမှုန့်ထည့်ပြီးမှ ကြက်ဥအနှစ်ကိုထောင်းရမယ်၊ နောက်မှ ဆီစိမ်းလေးထည့်ပေးပါလို့ နည်းလမ်းပြပါတယ်။
သံပုရာသီးညှစ်ပြီးရင်တော့ စိမ့်ပြီးစပ်တဲ့ ကချင်ကြက်ဥထောင်းလေး ရပါပြီ။ ကချင် ကြက်ဥထောင်းက ချဉ်ချဉ် စပ်စပ်လေးမို့ မိန်းကလေးတွေ ပိုကြိုက်ပါတယ်လို့ ပြောလာသူက သဲသဲပါ။ သံပုရာသီလေးညှစ်ပြီး စားရတာ ပိုပြီး အရသာထူးပါတယ်လို့ ဆိုပါတယ်။
ချက်ပြုနည်း ရုပ်/သံ
kamayutmedia

မှတ်ချက်များ