မြေးအရင်းကို အဓမ္မကျင့်လို့ ထောင်ဒဏ်နှစ် ၄၀ ချမှတ်လိုက်ပြီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ အင်း ရွာကျေးရွာ တွင် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ က ဖြစ်ပွားခဲ့သော ၁၂ နှစ် အရွယ်သမီးငယ်လေး ကို အဓမ္မပြု ကျင့်သတ်ဖြတ်ခံရမှုသည်ကသာ မြို့နယ်၌ လူထုစိတ်ဝင်စားမှုရှိသော အမှုတစ်မှုဖြစ် ခဲ့သည်။ ထိုအမှုတွင် သံသယရှိသူများ ကို ခေါ်ယူ စစ် ဆေးခဲ့ပြီးနောက် ကသာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်အောင်မြင့် နှင့် တပ်ဖွဲ့ဝင်များ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များမှ တရားခံဟု ယူဆရသူဦးမြဒေါင်း (၅၇) နှစ်ကို ဖမ်းဆီးနိုင်ခဲ့သည်။

၎င်းအမှုသည် အစပိုင်း၌ အနည်းငယ်ရှုပ်ထွေးမှုရှိနေခဲ့ပြီး ဦးမြဒေါင်းသည်ကသာရဲတပ်ဖွဲ့ စခန်းတွင် စစ်ဆေးစဉ်၎င်းကျူးလွန် ခဲ့ကြောင်း ထွက်ဆိုခဲ့သော်လည်း တရားရုံးသို့ရောက်သော် ငြင်းဆန် ထွက်ဆိုခဲ့သည်။ အမှု၏ ကနဦး သတင်းများအရ သေဆုံးသူ ကလေးငယ်၏အလောင်းကို လက်နှစ်ဖက်ရင်ဘတ်တွင်ကပ် လျက် မှောက်ခုံအနေအထားဖြင့် ထားရှိခဲ့ကာကျူးလွန်သူကအမှုမှန် မပေါ်ပေါက်စေရန် ဂမီ်္ဘရနည်းဖြင့် ပြုလုပ်ထားရှိခဲ့ခြင်း။ အမှုတွဲဖိုင်ကို ခွေးနက်ကြီးတစ်ကောင်မှ ကိုက်ဆွဲ ထွက်ပြေးသွားခဲ့ခြင်း စသည့်သတင်း များ ထွက်ပေါ်လာခဲ့ရာလူထုမှ ပိုမိုစိတ်ဝင်စားလာခဲ့ကြသည်။ စွပ်စွဲခံရသူဦးမြဒေါင်း၏အမျိုးသမီး ဖြစ်သူသေဆုံးသူ၏အဘွားဖြစ်သူ မှလည်း ၎င်း၏ယောကျာ်းမှာ မတရားဖမ်းဆီးခြင်းခံရပါသည်ဟု ဆိုကာသတင်းစာရှင်းလင်းပွဲပြုလုပ် ခဲ့သေးသည်။ ၂ နှစ် နီးပါးမျှကြာ မြင့်အောင်စစ်ဆေးခဲ့ရသော ထိုအမှုသည်ကသာမြို့နယ်ရဲတပ် ဖွဲ့ဝင်များ၏ကြိုးပမ်းမှု၊ ကသာခရိုင် တရားသူကြီး၏ဆုံးဖြတ်ချက်တို့ဖြင့် ၂၀၁၄ ခုနှစ် မေလ ၂၃ ရက်နေ့ တွင် ဦးမြဒေါင်းကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်ကာအဆုံးသတ် သွားပြီဖြစ်သည်။

အဆိုပါအမှုကို အကျဉ်းချုပ် ဖော်ပြရသော် ကသာမြို့နယ်ရဲတပ် ဖွဲ့၊ အင်းရွာရဲစခန်းအပိုင်အင်းရွာ လမ်းခွဲ၌ ၆.၇.၂၀၁၂ ရက်နေ့ (၁၇း၀၀)နာရီအချိန်တွင် တရားလို ဦးငြိမ်း၏ ဇနီးဒေါ်ကြိုင်မှ သမီး ဖြစ်သူကိုအင်းရွာလမ်းခွဲသို့ဈေး ၀ယ်ခိုင်းလိုက်ရာပြန်မလာပဲပျောက် ဆုံးနေသဖြင့် ရှာဖွေကြရာ အင်းရွာလမ်းခွဲအနီးရှိဦးသန်းဇော် ၏ကြံခင်းအနီးတွင် သေဆုံးနေ သည်ကိုတွေ့ရှိရသည်။ သို့ဖြင့် အင်းရွာရဲစခန်းသို့ (၇.၇.၂၀၁၄) ရက်နေ့ (၀၁း၀၀)နာရီအချိန်တိုင်တန်း ခဲ့သည်။ အင်းရွာရဲစခန်းမှူး လ- ၁၃၄၇၃၇ ရဲအုပ်မြတ်စိုးမှ အမှုစစ် အဖြစ်လက်ခံစစ်ဆေးခဲ့သော အမှု ဖြစ်သည်။

ရဲတပ်ဖွဲ့မှ ဦးမြဒေါင်း ကို ဖမ်းဆီးပြီး အမှုခိုင်မာစွာ တည်ဆောက်၍ (၁၀.၈.၁၀၁၂) ရက်နေ့၌ စွဲချက်အမှတ် ၈၇/ ၂၀၁၂ ဖြင့် တရားစွဲဆိုတင်ပိုခဲ့ရာ ကသာခရိုင်တရားရုံးမှ ရာကြီး ၅၉/၂၀၁၂ ဖြင့် (၁၀.၈.၂၀၁၂) ရက်နေ့မှ စတင်ကြားနာစစ်ဆေးခဲ့ သည်။ ထိုအမှုကို ကသာခရိုင် တရားသူကြီးဦးသက်ထွန်းမှ တရား လို၊ သက်သေတရားခံစစ်ဆေး ချက်များအရ ပြစ်မှုပုဒ်မ ၃၀၂/ ၃၇၆ ကို ကြားနာစစ်ဆေးပြီး (၂၃.၅.၂၀၁၄) ရက်နေ့တွင် ဦးမြဒေါင်းကို ပြစ်မှု ၃၀၂ အရ ထောင်ဒဏ် (၂၀) နှစ်၊ ပြစ်မှု ၃၇၆ အရထောင်ဒဏ် (၂၀) နှစ် သီးခြားစီကျခံစေရန်ပြစ်ဒဏ် အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။

နိုင်ကြီး(ကသာ) | HOTNEWS

မှတ်ချက်များ