ထူးအယ်လင်းနှင့် မည်သို့မျှ ပတ်သတ်မှုမရှိဟု Calroline မှ ငြင်းဆိုလာ

အဆိုတော်ထူးအယ်လင်းနှင့် ချစ်ကြိုက်နေသည်မှာ ဟုတ်ပြီး လက်ထပ်မည့် အချိန်သည်အချိန်ကစ ကားပြောပါလိမ့်မယ်ဟု မဇ္ဈိမ၏မေးမြန်းချက်ကို မေ၆ရက်ထုတ် အတွဲ၃ ၊ အမှတ်၄၂ ၊ စာ၂၂တွင်ဖြေကြား ခဲ့သည့် မော်ဒယ်လ် အဆိုတော် Calroline သည်မေ၂၄ရက်ည၈နာရီက ၎င်း၏ ဖေ့ဘွတ် စာမျက်နှာထက် တွင် ထူးအယ်လင်းနှင့် မည်သို့ မျှ ပတ်သက်မှုမ ရှိတော့ ကြောင်း ဖော်ပြလာသည့်အတွက် မဇ္ဈိမမှ ၎င်းကိုထပ်မံ ဆက်သွယ်မေးမြန်းဖြစ်ခဲ့သည်။

Calroline ရဲ့ ဖေ့ဘွတ်ပေါ်ကကြေညာချက်နဲ့ ပတ်သက်ပြီးရှင်းပြပါဦး။

အဲဒါကအမှန်ပဲ၊ မိဘကို စိတ်ဆင်းရဲအောင် မလုပ်ချင်လို့လေ။ ညီမရဲ့အမေက ညီမကို မျက်ရည်ကျပြီး ပြော တယ်။ မိဘမျက်ရည်ကျအောင်မလုပ်ချင်လို့ပါ။ ဆရာ၊ တပည့်လို့ပဲ အိမ်ကသိကြတာလေ။ ခုလိုမျိုး သတင်းတွေကြားတော့ အိမ်ကလည်းဆူတယ်။
Calroline ကရော ဆရာတပည့်ပုံစံနဲ့နေသွားတော့မှာလား။

ဘဝနှစ်ခုပေါင်းရင် ကိုယ်ပဲနစ်နာမှာလေ။ လုံးဝလဲဖြစ်နိုင်စရာ အကြောင်းလဲမရှိတော့ဘူး၊ အဲဒါကြောင့် ရှင်းရှင်းလင်းလင်းဖြစ်အောင်လို့ ကြေညာလိုက်တာပါ။ အနုပညာကိုပဲ အာရုံစိုက်ပြီးကြိုးစားသွားမှာ ပါ။မိဘ မျက်ရည်ကျပြီးမှ လျှောက်ရမယ့်လမ်းကို ဆက်မလျှောက်ချင်တော့လို့ပါ။
Calroline ကကောလာဟလဒဏ်ကို ခံနိုင်ရည်မရှိတော့တာလား။

အဲဒီလိုမဟုတ်ပါဘူး။ မိဘစိတ်ဆင်းရဲမှာကို မလုပ်ချင်တာပါ။ ပြီးတော့ လူတွေ ထောင်သောင်းမက ကော မန့်တွေ ဝိုင်းရေးကြတယ်။ ကိုယ့်ပြည်နယ်က လူတွေပါ ကောမန့်ဝင်ရေးတော့ စိတ်မကောင်းဘူး။
Calrolineက အချစ်ကို တကယ်ပြတ်နိုင်ပြီလား။

အချစ်ဆိုတာ အမြဲပေါက်ဖွားနေတတ်တဲ့အရာပဲ။ ထပ်ပြီးတော့ပေါက်ဖွားလာဦးမှာပေါ့။ အခုတော့ ဆင်ခြင် လိုက်တဲ့ သဘောပါပဲ။

Calroline ကမိဘကိုပဲ စိတ်ချမ်းသာအောင် ထားတော့မယ်ပေါ့။

ဟုတ်ပါတယ်။ မိဘစိတ်ချမ်းသာမှ အရာအားလုံးလုပ်ရကိုင်ရတာ အဆင်ပြေမှာပါ။ မိဘစိတ်ဆင်းရဲနေ ရင် ဘယ်အရာမှ အဆင်ပြေပြေဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလေ။ မိဘကို စိတ်ချမ်းသာအောင် ထားချင်တယ်။

Calroline ရဲ့ရှေ့ဆက်မယ့်အနုပညာကိုပြောပါဦး။

ခုလောလောဆယ်တော့ မေမေနဲ့အတူ ကယားပြည်နယ်ကို ခဏပြန်ဦးမယ်။ ပြန်လာရင်တော့ အနုပညာအ လုပ်တွေ ဆက်တိုက်လုပ်သွားမှာပါ။

Mizzima Burmese

မှတ်ချက်များ