ဝမ်းတွင်းမြို့နယ်အတွင်း၊ ရန်ကုန်-မန္တလေး ကား လမ်းတွင် မေ ၁၁ ရက်နေ့ ညက ကိုယ်ပိုင် ကားတစ်စီး တိမ်းမှောက်ရာ မင်္ဂလာဆောင် အပြီး ပြန်လာသော သတိုးသား သေဆုံး သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၁ ည၊ မန္တလေးမြို့နေ ကိုရန်မျိုးအောင် (၂၉ )နှစ်သည် အောင်ပန်းမြို့ မှ မန္တလေးမြို့သို့ TOYOTA ALPHARD ကားအမှတ် ၂ဃ/၁၁၃၀ ကားအား မောင်းနှင်လာစဉ် ၀မ်းတွင်းမြို့နယ်မြေတိုင် ကန်ကျေးရွာအနီး ရန်-မန်း ကားလမ်း မိုင်တိုင်အမှတ် (၂၃၅/၅) အနီးအရောက်တွင် ကားမှာ အရှိန်မ ထိန်းနိုင်ဘဲ လမ်းဘေးသို့ တိမ်းမှောက် သွားခဲ့သည်။
ထိုသို့ ကားတိမ်းမှောက်သွားခဲ့ရာ မင်္ဂလာဆောင်ပြီး ပြန်လာသော သတိုးသား ကိဇော်မြင့်မိုး (၃၀)နှစ်မှာ ဒဏ်ရာများရရှိပြီး ၀မ်းတွင်းဆေးရုံသို့ တင်ပို့စဉ် စေဆုံးသွားခဲ့သည်။ သတိုးသမီးဖြစ်သူ မစောပြည့်ငြိမ်း (၂၉ )နှစ်၊ ယာဉ်မောင်း ကိုရန်မျိုးအောင်၊ ကိုကိုနိုင် (၃၅)နှစ်နှင့် ကိုရဲလှိုင်ထွန်း(၃၁)နှစ်တို့မှာ ဒဏ်ရာရရှိထား သဖြင့် ၀မ်းတွင်းဆေးရုံသို့ တင်ပို့ထားရသည်။
ယာဉ်မှောက်မှုတွင် ၀မ်းတွင်းမြို့မရဲစခန်း ယာဉ်(ပ)၂၃/၂၀၁၄၊ ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
တင်လှိုင်(မိတ္ထီလာ) | News Watch

မှတ်ချက်များ