ဆည်တည်းဒေသခံတွေက တရုတ်လူမျိုးနှစ်ဦးကို မေလ ၁၈ ရက် မနက်ကနေ မေလ ၁၉ ရက်နေ့ ညနေပိုင်းအထိ ခေတ္တခေါ်ယူထားပြီး လျော်ကြေးယူထားခြင်းမရှိတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့၊ မြေစာပုံပြုလုပ်ထားတဲ့ လယ်ယာမြေတွေ အမြန်ဆုံးဖြေရှင်းပေးဖို့အတွက် ခေါ်ယူထားတာ ဖြစ်ကြောင်း ပြောကြားပါတယ်။
မေလ ၁၉ ရက် ညနေပိုင်းမှာ လက်ပံတောင်းဒေသ ၂၆ ရွာက ကိုယ်စားလှယ်တချို့ မြန်မာ-၀မ်ဘောင် ဆက်ဆံရေးရုံးကို သွားရောက်ပြီး ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က မြေယာတွေမှာ သံဆူးကြိုးမတိုးချဲ့ဖို့၊ လွတ်နေတဲ့ မြေယာတွေကို ထွန်ရက်ခွင့် အချက်တွေ ပေးခဲ့တဲ့အတွက် တရုတ်လူမျိုးနှစ်ဦးကို စစ်ကိုင်းတိုင်းရဲမှူးထံ ပြန်လည်အပ်နှံခဲ့တယ်လို့ ဆည်တည်းဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ တရုတ် ၀န်ထမ်း ၂ ဦးမှာ အသက် ၂၃ နှစ် အရွယ်ရှိ Lu Yuanhao နှင့် Miu Jie တို့ ဖြစ်တယ်လို့ မြန်မာ-၀မ်ဘောင် ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။
ဒီဗွီဘီ

မှတ်ချက်များ