အနောက်တောင်မုတ်သုန်လေ မေ ၂၀ လောက် ၀င်မည်

အနောက်တောင်မုတ်သုန်လေဟာ မေလ ၂၀ ရက်လောက်ကစလို့ မြန်မာနိုင်ငံ တောင်ပိုင်းဒေ သတွေကို စတင်ဝင်ရောက်နိုင်ပြီး မြစ်ဝကျွန်းပေါ်ဒေ သကိုတော့ မေလ ၂၅ ရက်လောက်ကျမှ ၀င်ရောက်နိုင်လိမ့်မယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ခန့်မှန်း ပြောကြားလိုက်ပါတယ်။

မြန်မာပြည် ၀င်ရောက်မယ့် မုတ်သုန်လေဟာ ဒီနှစ်အတွက် အားမကောင်းနိုင်ဘူး။ မုတ်သုန်ကို အားပေးတဲ့ လေတိုက်ခတ်မှုနှုန်း အားနည်း တာကြောင့်နဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ဖြစ်ပေါ်စေမယ့် အယ်နီညိုဖြစ်ပေါ်ဖို့ ၅၈ ရာခိုင်နှုန်းလောက် ရှိနေတာတွေကြောင့် ဖြစ်တယ်လို့လည်း ဦးထွန်းလွင်က သုံးသပ်ပြောကြား လိုက်ပါတယ်။

ဒီဗွီဘီ

မှတ်ချက်များ