မေ ၇ ရက် မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်

မေ ၆ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူ ရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်၊ ဘင်္ဂ လားပင်လယ်အော်တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလား ပင်လယ်အော်မှာတော့ တိမ်အနည်းငယ် ဖြစ် ထွန်းနေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ အရှေ့ပိုင်း၊ မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ် ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်အနည်းငယ်ဖြစ် ထွန်းနေပါတယ်။

မေ ၇ ရက်နေ့


မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ် ရှိနိုင်ပြီး ၁ ပေကနေ ၂ ပေလောက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေဟာ အနည်းငယ် ကျဆင်းနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း အမြင့်ဆုံးကျရောက်နိုင်တာ ကတော့ ကော့သောင်းမြို့ ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၃ ဒဿ မ ၈ ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ ၁၁ ကနေ ၁၃ ကျော်ထိ ရှိနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည် အနိမ့်ဆုံးတန်ဖိုး ၁၁ ကျရောက်နိုင်တာကတော့ ဟားခါးမြို့ ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ အနည်းငယ်ကျဆင်းနိုင်ပေမယ့် လွန်ကဲအဆင့်ဖြစ်တဲ့ ၁၁ ကနေ ကျဆင်းနိုင်ခြင်း မရှိသေးဘူးလို့ ခန့်မှန်းထားပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေ့အပူချိန် ၃၁ ဒီဂရီစင်တီဂရိတ် ကနေ ၃၆ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၇ ဒီဂရီစင်တီဂရိတ် ကနေ ၄၂ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းတို့မှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၄၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။

ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း ဒေသတွေမှာ မိုးရွာဖို့ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးအနည်းငယ် ရွာနိုင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီ စင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၈ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးအနည်းငယ် ရွာနိုင်ပါတယ်။

ဒီဗွီဘီ

မှတ်ချက်များ