တစ်ချိန်က ဝန်ကြီးချုပ်ဟောင်းတစ်ယောက်ရဲ့ နေအိမ်မှာ ဖွင့်လှစ်လိုက်တဲ့ အလှသစ် ပန်းချီပြခန်းဟာ ပွဲဦးထွက်အဖြစ်နဲ့ ပန်းချီကား ၁၅ဝကျော်ကို မေလ ၁၂ရက်ကစပြီး ပြသနေပါတယ်။ အလှသစ်ကို ဘယ်သူ့ညွှန်ကြားချက်နဲ့ ဖွင့်ခဲ့တာလဲ။
ပန်းချီကို ဝါသနာကြီးတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်း ညွှန်ကြားချက်နဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်မှာရှိတဲ့ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်းရဲ့ နေအိမ်မှာ ပြခန်းအဖြစ် ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။
အလှသစ်ဖွင့်ပွဲကို Into Truth, Into Beauty ဆိုတဲ့ ခေါင်းစဉ်နဲ့ ပန်းချီကား ၁၅ဝကျော် ကို မေလ ၂၅ရက်နေ့အထိ ပြသထားမှာဖြစ်သလို Member Show ဖြစ်တာမို့ အပြင်က ပန်းချီဆရာတွေရဲ့ လက်ရာတွေ မပါဝင်ဘူးလို့ ပြခန်းတာဝန်ခံက ဆိုပါတယ်။
အမှန်တရားထဲမှာ အလှတရားရှိသလို အလှတရားထဲမှာလည်း အမှန်တရားရှိတာကို ပြချင်တာကြောင့်ဖြစ်ပြီး ဈေးနှုန်းတွေကိုလည်း ကာလပေါက်ဈေးအလိုက် ဒေါ်လာ ၅ဝဝကနေ ၂ဝဝဝ အထိ သတ်မှတ်ထားတယ်လို့ဆိုပါတယ်။
Kamayut Media

မှတ်ချက်များ