ဆိုင်ကယ်သမားကို သတ်သည့် လူသတ်သမား မိပြီ

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့နယ်တွင် ရွှေတာချီ ခရီးသွား လုပ်ငန်း မှ ကျောနံပါတ် (၆၄၀) အင်္ကျီကို ၀တ်ဆင်၍ ခရီးသည်များအား ပို့ဆောင်ပေး နေသည့် အသက်(၂၄)နှစ်ရှိ မောင်လှိုင်မင်းထွန်းအား ၂၀၁၄ ခုနှစ် မေလ(၁၂)ရက်နေ့ ညနေပိုင်းက သတ်ကာ ဆိုင်ကယ်လုယူသွားသည့် လူသတ်သမားအား ရွှေတာချီ ခရီးသွား လုပ်ငန်းမှ အမှုဆောင် အဖွဲ့ဝင်များ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှု နှင့် အတူ သတင်း အချက်အလက် ဖြန့်ကျက်နိုင်မှု၊ ခြေရာခံနိုင်မှုတို့ကြောင့် ယနေ့ ၂၀၁၄ခုနှစ် မေလ(၂၀)ရက် ညနေ(၃)နာရီခန့်က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတောင်းရွာတွင် ဖမ်းဆီးရမိထားသည့် အတွက် ခိုလမ်မြို့မရဲစခန်း၌ အဆိုပါ တရားခံအား ဖမ်းဆီးထိန်းသိမ်းထားရှိပြီး တရားခံကို တာချီလိတ် မြို့မ ရဲစခန်းသို့ ဆက်လက်ခေါ်ဆောင်လာမှာဖြစ်ကြောင်း ရွှေတာချီခရီးသွားလုပ်ငန်း၏ အမှုဆောင် အဖွဲ့ဝင်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာချက်အရ သိရှိရသည်။

ကိုဇောင်း | Tachileik Online News

မှတ်ချက်များ