တရုတ်ဆန့်ကျင်ရေး အုံကြွမှုများကြောင့် ဗီယက်နမ်တွင် လူ ၂၁ ဦးထက်မနည်း သေဆုံး

ဗီယက်နမ်နိုင်ငံတွင် တရုတ်ဆန့် ကျင်ရေး ဆန္ဒပြ မှုများမှ အဓိကရုဏ်း အသွင် ပြောင်းလဲလာ ပြီးနောက် ဗုဒ္ဓဟူး နေ့ညတွင် လူ ၂၁ ဦးထက်မ နည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။တောင်တရုတ် ပင်လယ်အတွင်း နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှုမှ အစ ပြုလာသည့် ပဋိပက္ခသည် ယခုအခါ အကြမ်း ဖက်သည့် အသွင်မျိုး ဆောင် လာခဲ့သည်။

အင်္ဂါနေ့ကတည်းက ဆန္ဒ ပြသူများက တရုတ်ပိုင် စက်ရုံအချို့ကို မီးတင်ရှို့ခဲ့ပြီး ဗုဒ္ဓဟူးနေ့ညပိုင်းတွင် အခြေအနေ ပိုမိုဆိုးရွားလာသည်။ ပဋိ ပက္ခများနှင့်ဆက်နွယ်ပြီး ထိုင်ဝမ်ရှိသံမဏိစက်ရုံတစ်ခုတွင် တရုတ် အလုပ်သမားတစ်ဦး အသတ်ခံခဲ့ရသည်။ ထို့ အပြင် ညပိုင်း၌ အပြန်အလှန်တိုက်ခိုက် မှုများကြောင့် ဗီယက် နမ်နိုင်ငံသား ၅ ဦးနှင့် တရုတ်နိုင်ငံသားများဟု ယူဆရ သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သတင်း များက ဖော်ပြခဲ့သည်။

ဟာတင်း အထွေထွေဆေးရုံကြီးမှ ဆရာဝန်တစ်ဦးက ဗုဒ္ဓဟူးနေ့ တစ်ညတည်းတွင်ပင် လူပေါင်း ၁၀၀ ကျော် ဆေးရုံရောက်လာပြီး အများစုသည် တရုတ်များဖြစ်ကြောင်း ပြောကြားခဲ့သည်။ သံမဏိ စက်ရုံတွင်တရုတ်တစ်ဦး သေဆုံးမှုကိုမူ ရဲများက အတည်ပြုခဲ့ပြီး“တစ်ယောက်သေပါ တယ်။ ကျွန်တော် တို့အနေနဲ့ အလောင်းဟာ ဘယ်သူ ဘယ်ဝါဆိုတာ ခွဲခြားနိုင်ဖို့ ကြိုးစားနေ ပါတယ်” ဟုပြောဆိုသွားသည်။ ထိုင်ဝမ် မီဒီယာများက တိုက်ခိုက်မှုဖြစ်ပွားရာ စက်ရုံသည် Formosa Plastics Group ၏ ပိုင်ဆိုင်မှုအောက် တွင် ရှိနေကြောင်း ဖော်ပြခဲ့သည်။

ဗီယက်နမ် တောင်ပိုင်းတွင် တရုတ် ပိုင်စက်ရုံ အတော်များများကို ဆန္ဒပြသူများက ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ သည်။ပိုင်နက်အငြင်းပွားရာရေပြင်တွင် တရုတ် တို့က ရေနံတူးစင် လာရောက် ဆောက်လုပ်ပြီးနောက် ယင်းကဲ့သို့တင်းမာမှုများပေါ်ပေါက်လာခြင်းဖြစ်သည်။ တရုတ် အစိုးရကမူ ယခုဖြစ်ရပ် များအတွက် ဗီယက်နမ်အစိုးရက ကိုင်တွယ်ဖြေရှင်း ပေးပါရန် တောင်းဆိုထားသည်။

Planet Myanmar Network

မှတ်ချက်များ