ရန်ကုန်နှင့်သံလျင်တွင် လေပြင်းတိုက်

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြိုနဲ့ သံလျင်မြို့နယ်မှာ မနေ့ညနေပိုင်းက လေပြင်းတွေ တိုက်ခတ်ခဲ့ ဒါကြောင့် သစ်ပင်တွေ ကျိုးကျသလို ဆိုင်းဘုတ်တွေ လွဲပြိုသွားခဲ့ တယ်လို့ ဆိုပါတယ်။

သန်လျင် ကျိုက်ခေါက် ဘုရားအနီးမှာ ဓာတ်တိုင် အတော်များများ လဲပြိုခဲ့ပြီး အဆိုးဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လျှပ်စစ်မီး ပြတ်တောက်သွားတာ အခုထိ ပြန်လည် ရရှိခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

သန်လျင်မြို့ပေါ် မှာတော့ လဲပြိုသွားတဲ့ ဓာတ်တိုင်တွေအတွက် အခုထိ ပြင်ဆင်မှုတွေ မလုပ်သေးတဲ့ အကြောင်းနဲ့ အဓိကကျတဲ့ သီလ၀ါသွားတဲ့ မီးကြိုးတွေကိုတော့ ပြန်လည် ပြင်ဆင်တာတွေ လုပ်နေပုံရ တယ်လို့ သန်လျင် ဒေသခံတဦးက ပြောပါတယ်။ လေပြင်းကြောင့် ထိခိုက် သေဆုံးသူ မရှိဘူးလို့လည်း ဆိုပါတယ်။

ဒီဗွီဘီ

မှတ်ချက်များ